Lifestyle: သင်္ကြန်မှာ အရက်သောက်မယ်ဆိုရင်

အယ်ကိုဟောဟာ ခန္ဓာကိုယ် အပူချိန်ကိုတက်စေပြီး ရေသိပ်မစိုတဲ့အခါမှာ အပူလျှပ်တာ လေငန်းဖမ်းတာတွေဖြစ်နိုင်ပါတယ်။

play

 

အခုနှစ်ဟာ အယ်နီညိုရှိနေတာကြောင့် အပူချိန်ဟာ အလွန်ပြင်းနေပါတယ်။ သင်္ကြန်ပွဲနွဲတဲ့အခါ အရက်သေစာသောက်တတ်သူတွေအနေနဲ့ အထူးသတိထားဖို့ လိုနေပါတယ်။ အရက်စွဲသောက်သူတွေဟာ ဗီတာမင် B3 ချို့တဲ့မှုအခံ ရှိနေတာကြောင့် သင်္ကြန်လည်ပတ်ရင် အရေပြားပြဿနာတွေ ရှိတတ်ပါတယ်။

play

 

အပူချိန်မြင့်တာကြောင့် အရက်သောက်သူတွေဟာ အပူလျှပ်တာတွေ လေငန်းဖမ်းတာတွေ ဖြစ်နိုင်ပါတယ်။ အယ်ကိုဟောဟာ ခန္ဓာကိုယ် အပူချိန်ကိုတက်စေပြီး ရေသိပ်မစိုတဲ့အခါမှာ လေငန်းဖမ်းတာတွေဖြစ်တတ်ပါတယ်။ အပူရှိန်မြင့်လာတာနဲ့အတူ သွေးကြောတွေ ပိုကျယ်လာတာကြောင့် သွေးခုန်နှုန်းမြင်ပြီး သွေးကြောပေါက်တာတွေလည်း ဖြစ်တတ်ပါတယ်။ လည်ပတ်ရင်း သောက်တာကြောင့် အစာကောင်းကောင်းမစားတာတွေဖြစ်လာနိုင်ပါတယ်။ သောက်တဲ့အခါ အစာလည်း စားပေးသင့်ပါတယ်။ 

Photos & Source: 7Day Daily, Nikkei

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ