Lifestyle: ရင့်ကျက်သူတွေ ဂရုမစိုက်တော့တဲ့ အရာ (၁၀) ခု

ရင့်ကျက်သွားတဲ့အခါ အရေးပါတာနဲ့ မပါတာကို ခွဲခြားသိသွားပါပြီ။

play

 

အသက်အရွယ် အပိုင်းအခြားတစ်ခု ရောက်ရှိသွားချိန်မှာ ငယ်ငယ်တုန်းက ကြောက်ရွံ့ခဲ့တာတွေ၊ စိုးရိမ်ခဲ့တာတွေ ပျောက်ကွယ်သွားပါတယ်။ ဒါဟာ ရင့်ကျက်လာတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အမှန်တကယ် ရင့်ကျက်သွားသူတွေက အရေးမပါတဲ့ ပြဿနာတွေ၊ စိုးရိမ်စရာမလိုတဲ့ ကိစ္စရပ်တွေကို အာရုံထဲ မထားတတ်ကြတော့ပါဘူး။

play

 

၁။ လူတွေရဲ့ ထင်မြင်ချက်တွေကို ဂရုမစိုက်တော့ဘူး။ လူဆိုတာ သူတို့ ထင်ချင်တာထင်ကြတယ်ဆိုတာ သဘောပေါက်သွားပြီ။

၂။ အဓိပ္ပာယ်မရှိတဲ့ ဖက်ရှင်စည်းမျဉ်းတွေကို ဂရုမစိုက်တော့ဘူး။ ကိုယ်ဝတ်ချင်တာကိုပဲ ဝတ်တယ်။

၃။ ရည်းစားဟောင်းအကြောင်း စိတ်မဝင်စားတော့ဘူး။

၎။ စိတ်ပျက်စရာကောင်းတဲ့ relationship တွေကို အဆုံးသတ်လိုက်ဖို့ ဝန်မလေးတော့ဘူး။

play

 

၅။ အမှားတွေကို တွေးတွေးပြီး နောင်တရမနေတော့ဘူး။

၆။ လူတွေနဲ့ လိုက်လျောညီထွေနေဖို့ ကြိုးစားမနေတော့ဘူး။

၇။ ဖေ့စ်ဘွတ်မှာ Like ရတာတွေ မရတာတွေ၊ ကိုယ့်ကို Unfriend လုပ်သွားတာတွေကို အပေါ် ခံစားမနေတော့ဘူး။

play

 

၈။ ပြည့်စုံလှပတဲ့ ခန္ဓာကိုယ် မရှိလည်း အရေးမစိုက်တော့ဘူး။

၉။ နာမည်ကြီးတံဆိပ်သုံးမှ လူရာဝင်တာတွေ ဘာတွေ စိတ်မဝင်စားတော့ဘူး။

၁၀။ ကိုယ့်ကို အလေးမထားသူတွေကို အဖက်မလုပ်တော့ဘူး။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ