Lifestyle: မန္တလေးက သင်္ကြန်ဂရပ်ဖတီ

သမ္မတကြီး ဦးထင်ကျော်နဲ့ မြို့မငြိမ်း ရုပ်ပုံလွှာတွေကို ထည့်သွင်းရေးဆွဲထားတာ ဖြစ်ပါတယ်။

play

 

အစိုးရသစ်ကို ကြိုဆိုတဲ့အနေနဲ့ မန္တလေးသင်္ကြန်ပုံရိပ်တွေကို ဂရပ်ဖတီရေးဆွဲခဲ့ပါတယ်။ MOI ရဲ့ဖော်ပြချက်အရ ၂၂ လမ်းနဲ့ ၈၉ လမ်းကြားက အုတ်နံရံတွေမှာ လူငယ်ပန်းချီသမား ကိုသန့်စင်ဝင်းက မြို့မငွေငန်းအဖွဲ့နဲ့တွဲဖက်ရေးဆွဲခဲ့တာလို့ သိရပါတယ်။ ဧပြီ ၁၁ ရက်နေ့ နေ့လယ် ၁၂နာရီကနေ ညနေ ၆ နာရီထိ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

play

 

မန္တလေးအထင်ကရတွေနဲ့ အစိုးရကို ကြိုဆိုတာဖြစ်ပြီး နေအလွန်ပူတာကြောင့် နားပြီးဆွဲရတယ်လို့ ကိုသန့်စင်ဝင်းကပြောကြားထားကြောင်း သိရပါတယ်။ အဆိုပါဂရပ်ဖတီမှာ မန္တလေးတောင်၊ ဈေးချို၊ နာရီစင်၊ ဦးပိန်တံတား၊ ငွေငန်းဖြူ၊ သမ္မတကြီး ဦးထင်ကျော်နဲ့ မြို့မငြိမ်း ရုပ်ပုံလွှာတွေကို ထည့်သွင်းရေးဆွဲထားတာ ဖြစ်ပါတယ်။ နှစ်သစ်မှာ သမ္မတအသစ်ကိုကြိုဆိုခြင်းအဖြစ်လည်း အမှတ်တရ ရေးဆွဲတာလို့ သိရပါတယ်။

play
play

 

Photos & Source: MOI , Mandalay News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ