Lifestyle: သင်္ကြန်တွင်း အပြင်ထွက်လည်သူများ ဒီ (၅) ချက်ကို သတိထားသင့်

, updated

သင်္ကြန်ကာလတွင်း အပြင်ထွက်လည်တဲ့အခါ ဂရုစိုက်ရမယ့် အရာတွေ ရှိပါတယ်။

play

 

ဒီနှစ်မဟာသင်္ကြန် နှစ်သစ်ကူး ကာလက ငါးရက် ဖြစ်တာကြောင့် အပြင်ထွက်လည်ပတ်သူတွေ အမြောက်အများရှိနေဦးမှာပါ။ ခရီးထွက်သူတွေရှိသလို မဏ္ဍပ်ထိုင်၊ ရေပက်ခံထွက်သူတွေလည်း သင်္ကြန် အကြိုနေ့မှာတင် များပြားလှပါတယ်။

သင်္ကြန်ကာလအတွင်း မဏ္ဍပ်ထိုင်ဖို့ပဲ ဖြစ်ဖြစ်၊ ကားနဲ့ရေပက်ခံ ထွက်တာပဲ ဖြစ်ဖြစ်၊ လမ်းလျှောက် လည်ပတ်တာပဲ ဖြစ်ဖြစ် အပြင်ထွက်တော့မယ်ဆိုရင် သတိထားရမယ့် အချက် (၅) ချက်ရှိပါတယ်။

၁။ တစ်နေ့လုံး အလွန်သောက်ခြင်း၊ အလွန် ရေကစားခြင်း

play

 

တစ်နေ့တာလုံး မနားပဲ အရက်၊ ဘီယာသောက်သုံးတာဟာ အန္တရာယ် များပါတယ်။ အထူးသဖြင့် ရန်ကုန်၊ မန္တလး၊ နေပြည်တော်အပါအဝင် မြို့ကြီးတွေ အားလုံးနီးပါး အပူချိန် လွန်ကဲနေတဲ့ အချိန်ဖြစ်လို့ တစ်နေကုန်သောက်ပြီး ရေကစားနေတာကို ရှောင်သင့်ပါတယ်။ နေ့လည်ဘက် ၁၂ လောက်ကစပြီး ၃ နာရီ လောက်အထိ ရေပက်တာလည်း နားသင့်ပါတယ်။

၂။ ဖုန်းနှင့် ပိုက်ဆံအိတ်

play

 

ဖုန်းနဲ့ ပိုက်ဆံအိတ်တွေကို ရေစိုမခံရအောင်သာ ဂရုစိုက်နေတတ်ကြပါတယ်။ ခါးပိုက်နှိုက်ခံရမှာနဲ့ ကျပျောက်မှာကိုတော့ မေ့နေတတ်ကြပါတယ်။ ဖုန်းနဲ့ ပိုက်ဆံအိတ်ဟာ သင်္ကြန်ကာလမှာ အလွန်အပျောက်များပါတယ်။ ဒီနှစ်မျိုးကို ဘောင်းဘီနောက်အိတ်ထဲ လုံးဝ မထည့်ပါနဲ့၊ လက်ထဲလည်း မကိုင်ထားပါနဲ့။

၃။ ရေဆင်းကူးတာ

play
photo : thestirringleaf.wordpress.com

 

အတော်လေးသောက်ပြီး၊ ရေကစားပြီးလို့ အရှိန်ကောင်းလာရင် တစ်နေရာမှာ နားတတ်ကြပါတယ်။ ရေကန်ဖျားတွေနားမှာ အနားယူကြတဲ့အခါ သောက်ထားတဲ့ အရှိန်လေးနဲ့ ရေဆင်းကူးတတ်ကြပါတယ်။ ဒီအချိန်မှာ လုံးဝ ရေမကူးသင့်ပါဘူး။

၎။ ကားစီးတဲ့အခါ

play
photo : whatismyanmar.tumblr.com

 

သင်္ကြန်ရက်တွေ ကားနဲ့ လည်ပတ်တဲ့အခါ ဘေးက တွယ်စီးတာမျိုး၊ ကားရှေ့ဘောနက်အဖုံးပေါ် တက်စီးတာမျိုး လုပ်တတ်ကြပါတယ်။ ကားတွေပိတ်နေတဲ့အခါ သိပ်ပြဿနာ မရှိပေမဲ့ ကားရှင်းတဲ့ လမ်းပေါ် ရောက်သွားပြီဆိုရင်တော့ ကားထဲသာ ဝင်စီးသင့်ပါတယ်။

၅။ အမူးလွန်နေသူများနှင့် ထိပ်တိုက်တွေ့တာ

play

 

လူအများအပြား အပြင်ကို ထွက်ပြီး လည်ပတ်ကြတာကြောင့် အမူးလွန်နေသူအချို့နဲ့လည်း ထိပ်တိုက်တွေ့နိုင်ပါတယ်။ ဒီအချိန်မှာ အကောင်းဆုံးဖြေရှင်းနိုင်တဲ့ နည်းလမ်းက ရှောင်ထွက်သွားဖို့ပါပဲ။ ရာသီဥတုကပူပြီး အလွန်အကျွံသောက်ထားသူတွေဟာ ဒီအချိန်မှာ သွေးဆူနေတတ်ကြပါတယ်။

Photos : 7 Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ