Lifestyle: သင်္ကြန်မှာ ရည်းစားဟောင်းနဲ့ ပြန်တွေ့တဲ့အခါ

, updated

အကောင်းဆုံးက အေးဆေးတဲ့အပြုံးတစ်ခု ပြုံးလိုက်တာပါ။

play

 

၁ - မျက်နှာအမူအရာကို ထိန်းပါ။ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ပါစေ အံ့သြတဲ့ပုံ၊ မယုံနိုင်တဲ့ပုံမျိုးတွေကို ထိန်းပါ။ အကောင်းဆုံးက အေးဆေးတဲ့အပြုံးတစ်ခု ပြုံးလိုက်တာပါ။

၂ - ပုံစံနှစ်မျိုးနဲ့ချဉ်းကပ်ပါ။ ယုံကြည်မှုရှိတဲ့ ပုံမျိုးဖြစ်ပြီး သင်္ကြန်မှာ မမျှော်လင့်ဘဲ ဆုံရတဲ့ လူတစ်ယောက်လို ပုံစံမျိုးပါ။ နောက်တစ်မျိုးကတော့ အတိတ်ကခံစားချက်ကိုမေ့ပြီး ဖော်ဖော်ရွေရွေသူငယ်ချင်းလို ပုံမျိုးပါ။

play

 

၃ - သူကလည်း သင့်ကိုတွေ့ရတာ စိတ်လှုပ်ရှားနေနိုင်ပေမဲ့ နှလုံးသားထဲက လာတဲ့စကားတွေ အရှည်ကြီးပြောဖို့ဆိုတာကတော့ သင်္ကြန်တွင်းမှာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ စပြောတုန်းမှာ ဂနာမငြိမ်တဲ့အပြုအမူတွေရှောင်ပါ။ လက်ကမငြိမ်တာ၊ မျက်လုံးက မငြိမ်တာ စတာတွေဖြစ်ပါတယ်။

၎ - တွေ့တဲ့အချိန်မှာ ပျော်စရာဖြစ်ဖို့ အရေးကြီး ပါတယ်။ သက်သောင့်သက်သာနဲ့ အရွှင်အမြူးလေးတွေ ပြောပါ။

၅ - စကားတွေအများကြီး မပြောချင်ရင် မျက်လုံးနဲ့ပြောပါ။ မျက်လုံးနဲ့ပြောတာက အဓိပ္ပာယ် ပိုပြည့်ဝသွားနိုင်ပါတယ်။

play

 

၆ - ဟာသလေးတွေ၊ ရွှင်စရာလေးတွေကိုပြောပါ။ သူသဘောကျပြီး သူသဘောကျတာ ကိုယ်ကလည်းသိတဲ့အရာမျိုးကို မေးပါ။ ဥပမာ - သူ့ခွေးလေး အကြောင်းဖြစ်ဖြစ်။

၇ - သူ့ကြောင့် ဘယ်လောက်ခံစားခဲ့ရတယ်၊ မျှော်လင့်ချက်တွေ ဘယ်လောက်ပျက်ပြားခဲ့ရတယ်ဆိုတာမျိုး တကယ်ရှိသည်ဖြစ်စေ၊ တကယ်မရှိသည်ဖြစ်စေ သူသိမယ့် အပြုအမူ အပြောအဆိုမျိုး မလုပ်ပါနဲ့။

၈ - ပြန်တွေ့ပြီး နောက်ပိုင်း တွေ့ခဲ့ကြတာကို အကဲဖြတ်ကောက်ချက်ချတာမျိုးမလုပ်ပါနဲ့။

Photos & Source: Wikihow

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ