Lifestyle: ရန်ကုန်သင်္ကြန် အကျနေ့ ပုံရိပ်များ

, updated

မဏ္ဍပ်တွေအများစုတည်ရှိတဲ့ ပြည်လမ်းမပေါ်မှာတော့ ရေပက်ခံသူတွေနဲ့ စည်ကားလို့နေပါတယ်။

play


မနေ့က ရန်ကုန်သင်္ကြန်က ထင်သလောက်မစည်ကားဘူးလို့ ထင်ရပေမဲ့ ဒီနေ့မှာတော့ မဏ္ဍပ်တွေအများစုတည်ရှိတဲ့ ပြည်လမ်းမပေါ်မှာ တော့ ရေပက်ခံသူတွေနဲ့ စည်ကားခဲ့ပါတယ်။

play
play


ရန်ကုန်မြို့ ပြည်လမ်း အင်းယားကန်ဘောင်ရှေ့က သင်္ကြန်မဏ္ဍပ်တွေမှာ ရေပက်ခံသူတွေနဲ့ စည်ကားနေပါတယ်။

play


ပြည်လမ်း ကန်ဘောင်ရှေ့က ဖျော်ဖြေရေးမဏ္ဍပ်တွေမှာလည်း အဆိုတော်တွေက သီဆိုဖျော်ဖြေနေတာကို တွေ့ရပါတယ်။

play


ဒီနှစ်သင်္ကြန်မှာတော့ ရေပက်ခံသူများပေမဲ့ ကားလမ်းပိတ်တာတွေ ဆိုးဆိုးဝါးဝါးမရှိပါဘူး။

play
play


လူစည်ကားတဲ့နေရာတိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ အများအပြားချထားတာတွေ့ရပါတယ်။

play
play

 

သင်္ကြန်မဏ္ဍပ်တွေဘေးမှာ အရက်ဘီယာရောင်းချတာတွေ မတွေ့ရသလို ခိုက်ရန်ဖြစ်ပွားတာတွေလည်း မတွေ့ရပါဘူး။

Source & Photo : 7DayDaily,Nyein Chan,Myo Swe Oo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ