Lifestyle: သူတကယ်ကြည့်ကောင်းမှန်း သိစေနိုင်မယ့် စမ်းသပ်ချက် (၄)ခု

, updated

သင်္ကြန်လည်တဲ့အခါ ဒါမှမဟုတ် ကမ်းခြေမှာရေကူးပြီးတက်လာတဲ့အခါမှာ သူ့ကိုအကဲခတ်ပါ။ တကယ်ကြည့်ကောင်းသူမှာ ကိုယ်ပိုင်အလှ ရှိနေပါလိမ့်မယ်။

play

 

၁။ သွားတိုက်နေတဲ့ဓာတ်ပုံ

ဘယ်လောက်ချစ်ဖို့ကောင်းအောင် ပို့စ်ပေးထားတဲ့ ဓာတ်ပုံဖြစ်ပါစေ သွားတိုက်နေတဲ့ပုံက ကျန်းမာရေးဆိုင်ရာပိုင်းကိုရော၊ သူ့ရဲ့အိမ်နေရင်းအနေအထားကိုပါ အကောင်းဆုံး သိသာပေါ်လွင်စေတဲ့ဓာတ်ပုံမျိုးပါ။

play

 

၂။ ရေစိုနေတဲ့အလှ

သင်္ကြန်လည်တဲ့အခါ ဒါမှမဟုတ်လည်း ကမ်းခြေမှာရေကူးပြီးတက်လာတဲ့အခါမှာ သူ့ကိုအကဲခတ်ပါ။ သူတို့ဟာ ရေစိုနေတဲ့အချိန်မှာ မင်းသားတွေ မင်းသမီးတွေလောက် ကြည့်ကောင်းမနေရင်တောင် သူ့ရဲ့ကိုယ်ပိုင်အလှနဲ့ လှနေတယ်လို့ခံစားမိဖို့က အဓိကကျပါတယ်။

play

 

၃။ အော်ဟစ်သီချင်းဆို

သီချင်းဆိုရင်တောင် ပေါက်ကွဲအော်ဟစ်တဲ့သီချင်းမျိုးဆိုနေတာကို အကဲခတ်ပါ။ အော်ဟစ်သီဆိုနေတယ်ဆိုမှတော့ ဘယ်သူကမှ နှုတ်ခမ်းဖူးဖူး၊ မျက်လုံးလေးတောက်တောက်ပပနဲ့ ချစ်ဖို့ကောင်းနေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ဆိုပုံဆိုဟန်၊ အသံနဲ့ သီချင်းဆိုပြီး နားနားချင်း ဘယ်လိုမျက်နှာအနေအထားမျိုးဖြစ်သွားလည်း အကဲခတ်နိုင်ရပါမယ်။

play

 

၎။ ခေတ်ဟောင်းဖက်ရှင်

ခေတ်မီလာတာနဲ့အမျှ အချောဆုံး အလှဆုံး ပြင်ဆင်လာတတ်တာတော့ မဆန်းပါဘူး။ ဒါပေမဲ့ မျက်နှာကို အလှဆုံးပြင်တတ်နေရင်တောင် ခေတ်မမီတဲ့ ပုံတုံးတုံးအ၀တ်အစားမျိုးလေးတွေ ၀တ်ခိုင်းကြည့်ပါ။ အဲ့လိုဝတ်ပြီး သူတို့ရဲ့ အနေအထားပြောင်းလဲမှု ဘယ်လိုရှိလာသလဲပါ လေ့လာပါ။ လုံးဝအပ်စပ်မှုမရှိဘဲ စူပုပ်နေသလား၊ သူ့ဘာသာ ပေါ့ပေါ့ပါးပါးပဲ ဆက်နေနိုင်သလားဆိုတာမျိုးပေါ့။

Photos : Pintrest

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ