Lifestyle: အာဆီယံ နိုင်ငံများ၏ သင်္ကြန်ပွဲ ကျင်းပပုံ အမျိုးမျိုး

, updated

နှစ်သစ်ကူး သင်္ကြန်ပွဲဟာ အာဆီယံနိုင်ငံ အများအပြားမှာလည်း ပြုလုပ်ကြပါတယ်။

play


ပူပြင်းတဲ့ နွေရာသီရောက်တဲ့အခါ အရှေ့တောင်အာရှနိုင်ငံအများစုဟာ ဧပြီလမှာ ရေသင်္ကြန်ပွဲတော် ဆင်နွှဲလေ့ရှိပါတယ်။ အနောက်တိုင်းအခေါ်ကတော့ Water Festival ဖြစ်ပါတယ်။

ရေကစားပွဲတော်ကို နိုင်ငံအသီးသီးမှာ ကိုယ်ပိုင်အမည်တွေ ပေးထားလေ့ရှိပါတယ်။ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာနိုင်ငံတွေအပြင်၊ စင်္ကာပူ၊ မလေးရှား၊ အိန္ဒိယမှာလည်း ကျင်းပလေ့ရှိပါတယ်။

အထူးသဖြင့် ရေကစားပွဲတော်ဟာ မြန်မာ၊ ထိုင်း၊ လာအို စတဲ့နိုင်ငံတွေအတွက် ရိုးရာပြက္ခဒိန်အရ နှစ်သစ်ကူး ကာလဖြစ်ပါတယ်။ မြန်မာရိုးရာ သင်္ကြန်ပွဲအပြင် အခြားနိုင်ငံတွေမှာ ကျင်းပကြတဲ့ ရေကစားပွဲတော်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ထိုင်း

play


ထိုင်းမှာဆိုရင်တော့ သင်္ကြန်ပွဲကို ဆောင်ခရန်လို့ ခေါ်ပါတယ်။ သုံးရက်လောက်သာ ကျင်းပလေ့ ရှိပါတယ်။ မြန်မာ့သင်္ကြန်နဲ့ အတော်နီးစပ်ပြီး သက်ကြီးရွယ်အို မိဘ၊ မိသားစုတွေနဲ့ တွေ့ဖို့ အိမ်ပြန်ကြတဲ့ အချိန်ပါ။

၂။ လာအို

play


လာအိုမှာတော့ ရေသင်္ကြန်ပွဲကို ပီမိုင်လို့လည်း ခေါ်သလို ဆောင်ခရန်လို့လည်း ခေါ်ပြန်ပါတယ်။ နှစ်ရက်လောက်သာ ကျင်းပလေ့ရှိပါတယ်။ ဘုန်းကြီးတွေရဲ့ ဆုတောင်းမေတ္တာနဲ့ တရားဓမ္မတွေကို ခံယူတာ၊ အိမ်တွေနဲ့ ဗုဒ္ဓဆင်းတုတော်တွေ သန့်ရှင်းရေးလုပ်ကြတာဟာ မြန်မာနဲ့ နီးနီးစပ်စပ် တူညီကြပါတယ်။

၃။ ကမ္ဘောဒီးယား

play


ကမ္ဘောဒီယား နှစ်သစ်ပွဲကိုတော့ ချောချနမ်တမွီးလို့ ခေါ်ပါတယ်။ ကမ္ဘောဒီယားကတော့ ရေသင်္ကြန်ပွဲကို လေးရက်လောက် ကျင်းပလေ့ရှိပါတယ်။ အများအားဖြင့် ဒီကာလမှာ ဘာသာရေးအတွက် ကောင်းမှု ကုသိုလ် လုပ်ကြလေ့ ရှိပါတယ်။ ဒီကာလအတွင်း ကစားကြတဲ့ ရိုးရာကစားပွဲအချို့လည်း ရှိပါတယ်။

၎။ သီရိလင်္ကာ

play


သီရိလင်္ကာမှာတော့ သင်္ကြန်ပွဲတော်ကို တစ်ရက်သာ ကျင်းပပါတယ်။ သီရီလင်္ကာနိုင်ငံအတွင်း နေထိုင်ကြတဲ့ ဆင်ဟေ့လ်စ် လူမျိုးတို့ရဲ့ အဓိကပွဲတော်ဖြစ်ပေမဲ့ အားလုံးနီးပါး ပွဲတော်ကို ဆင်နွှဲကြပါတယ်။ ရှေးဟောင်း သီရိလင်္ကာဗေဒင်ပညာအရ ဒီကာလမှာ နေမင်းကြီးဟာ ၁၂ ခုမြောက်ဂြိုဟ်ဖြစ်တဲ့ နက်ပကျွန်းဂြိုဟ်ကို အလင်းရောင် စမပေးနိုင်တော့တဲ့ အချိန်ကစလို့ နှစ်သစ်စတယ်လို့ ဆိုပါတယ်။ သီရိလင်္ကာမှာတော့ သင်္ကြန်ဆို ရေပက်တာမျိုး မလုပ်ကြဘဲ ကစားပွဲ တချို့ ကစားကြပါတယ်။

၅။ မလေးရှား၊ စင်္ကာပူ၊ အိန္ဒိယ

play


အိန္ဒိယရဲ့ ရှေးဟောင်းပြက္ခဒိန်ရိုးရာ သင်္ကြန်ပွဲကို မလေးရှား၊ စင်္ကာပူတို့မှာလည်း ကျင်းပပါတယ်။ ဒီကာလမှာ တစ်ယောက်ကိုတစ်ယောက် Puttāṇṭu vāḻttukkaḷ လို့ ပြောကြရပါတယ်။ တမီးလ်နှစ်သစ်ကူးလို့လည်း ခေါ်ပြီး ဧပြီလ ၁၄ ရက်နေ့ တစ်ရက်သာ ကျင်းပကြပါတယ်။

Source: Wiki

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ