Lifestyle: အုန်းဆီကိုသုံးပြီး ဆံပင်ပေါင်းတင်မယ်

အုန်းဆီနဲ့ ပျားရည်ကို အသုံးပြုပြီး ဆံပင်ပေါင်းတင်ရအောင်ပါ။

play

 

လတ်တလောမှာ အပူရှိန်ကလည်း ပြင်းလွန်းတာကြောင့် နေပူထဲထွက်သူတွေရဲ့ ဆံပင်တွေဟာ ပိုပြီးပျက်စီးနေကြတာ တွေ့ရပါတယ်။ ဆံပင်နှစ်ခွဖြစ်တာ၊ ဆံသားကြမ်းတမ်းတာအပြင် ဆံပင်အရောင် မွဲခြောက်ခြောက် ဖြစ်တာတွေအတွက် အိမ်မှာနေရင်း အုန်းဆီနဲ့ ဆံပင်ပေါင်းတင်လို့ရပါတယ်။ သင်္ကြန်မှာ လျှောက်လည်လို့ဖြစ်ဖြစ်၊ ကမ်းခြေမှာ ရေကစားခဲ့တာဖြစ်ဖြစ် ဆံပင်တွေ ပျက်စီးလာတယ်ဆိုရင်တော့ ဆံပင်ကိုပြုပြင်ထိန်းသိမ်းပေးဖို့ မမေ့သင့်ပါဘူး။ ဒီအတွက် လွယ်ကူရိုးရှင်းတဲ့ ဆံပင်ပေါင်းတင်နည်းတစ်ခုကို Duwunက မျှဝေလိုက်ပါတယ်။

play

 

- အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းကို ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းနဲ့ ပေါင်းစပ်ပြီး သမအောင်မွှေပါ။

- ဆံပင်တွေကို အရင်းနဲ့အဖျားပါမကျန် နှံ့အောင် သုတ်လိမ်းပေးပါ။

- ခေါင်းကို တဘက်နဲ့ပတ်ထားပါ။ ဒါမှမဟုတ် ကိုယ့်ရဲ့ခေါင်းအုံးပေါ်မှာ တဘက်တင်ပြီး အိပ်လို့ရပါတယ်။

- မနက်မိုးလင်းမှ ခေါင်းလျှော်ပါ။ ခေါင်းလျှော်ရည်ကို အသုံးပြုပြီး လျှော်နိုင်သလို ဆံပင်ပျော့ဆေးကိုလည်း အသုံးပြုပေးလို့ရပါတယ်။

play

 

ခေါင်းလျှော်ပြီးတဲ့အခါ ပိုမိုနူးညံ့ပြီး တောက်ပြောင်တဲ့ ဆံကေသာကို ရရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်။ ဒီနည်းလမ်းအတိုင်း တစ်ပတ် နှစ်ကြိမ် ပြုလုပ်ပေးရင် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ဆံပင်တွေ သိသိသာသာ ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ