Lifestyle: အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့ ချက်ခြင်းရပ်တန့်ရမယ့် အကျင့် (၅) ခု

, updated

အထူးသဖြင့် လုပ်ငန်းခွင်ဝင်နေသူတွေအတွက် ဒါတွေဆင်ခြင်ဖို့ လိုပါတယ်။

play

 

လုပ်ငန်းခွင်မှာ အဆင်ပြေသူဖြစ်ချင်ရင်တော့ မိမိကိုယ်တိုင် အလုပ်ကြိုးစားရုံသာမက ဆောင်ရန်၊ ရှောင်ရန်လေးတွေ သိထားဖို့လည်း လိုပါတယ်။ ကိုယ့်မှာရှိနေတဲ့ အကျင့်ဆိုးတွေကြောင့် အလုပ်မတွင်ကျယ်ဘဲ ဖြစ်နေတတ်တဲ့အခါ ပြုပြင် သင့်တာတွေ ပြုပြင်ရမှာပါ။ ကိုယ့်ရဲ့အကျင့်ဆိုးတွေက ကိုယ့်အောင်မြင်မှုကို ပိတ်ဆို့တားဆီးနိုင်တာကြောင့် အကျင့်ဆိုးတွေကို ရပ်တန့်ဖို့လိုပါလိမ့်မယ်။

play

 

၁။ ကိုယ့်ဖုန်းထဲက contact list ထဲမှာ မပါတဲ့ ဖုန်းနံပါတ်တွေ ဝင်လာရင် ဖုန်းမကိုင်တာက မကောင်းပါဘူး။ တစ်ခါတလေ အရေးကြီုးဖုန်းတွေ ဖြစ်နေရင် လွတ်သွားတတ်ပါတယ်။

play

 

၂။ ညအိပ်ရာထဲရောက်မှ အီးမေးလ်တွေ မစစ်ပါနဲ့။ အိပ်မပျော်တဲ့ရောဂါ ရနိုင်ပါတယ်။ အိပ်ရာမ၀င်ခင် တစ်နာရီလောက်အလိုမှာ မေးလ်စစ်တာတွေ၊ မေးလ်ပို့တာတွေလုပ်နိုင်ပါတယ်။

၃။ ညအိပ်ပျော်နေချိန်ကလွဲလို့ ကျန်အချိန်တွေမှာ မေးလ်တွေဝင်လာရင် ချက်ခြင်းစစ်ပါ။ အရေးမကြီးဘူးဆိုရင် နောက်မှ မေးလ်ပြန်ပို့လို့ရပါတယ်။ ဒါပေမဲ့ မေးလ်တွေကို ခပ်မြန်မြန်စစ်ဖို့ မမေ့ပါနဲ့။

play

 

၎။ မိုဘိုင်းလ်ထုတ်ကုန်တွေနဲ့ တစ်မိနစ်တောင် မခွဲနိုင်တာလည်း မဖြစ်သင့်ပါဘူး။ မိသားစုအပါအ၀င် ချစ်ရသူတွေကို အချိန်ပေးပါ။ အမြဲတမ်းလိုလို ဖုန်းနဲ့ကွန်ပျူတာရှေ့မှာပဲ မနေပါနဲ့။

၅။ လက်ရှိအလုပ်တွေကို ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲမှု မရှိသေးဘဲ နောက်အလုပ်တွေကို ထပ်မလုပ်ပါနဲ့ဦး။ အလုပ်တွေကနေ အရှုပ်တွေ ဖြစ်သွားနိုင်ပါတယ်။

Source : Time

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ