Lifestyle: လက်မထပ်ခင် ချိန်းတွေ့ဖူးသင့်တဲ့ လူ(၉)မျိုး

, updated

သူငယ်ချင်းလိုလည်း အားပေးနားလည်ပေးနိုင်သလို၊ ချစ်သူလိုလည်း ယုယုယယချစ်ပေးနိုင်မယ်ဆိုတော့ ဘာလိုဦးမှာလဲ။

play

 

လက်ထပ်တယ်ဆိုတာ ဘ၀တစ်သက်တာအတွက် အရေးအကြီးဆုံးကိစ္စရပ်တွေထဲကတစ်ခုပါပဲ။ အဲ့လိုပဲ လက်မထပ်ခင်မှာလည်း ကိုယ့်ရဲ့တစ်ကိုယ်တည်းဘ၀ကို အပျော်ရွှင်ဆုံးနဲ့ အပေါ့ပါးအလွတ်လပ်ဆုံး၊ အမှတ်တရဖြစ်နိုင်အောင် နေထိုင်နိုင်ဖို့က single တိုင်းရဲ့စိတ်ကူးပါ။ လက်မထပ်ခင် single ဘ၀နဲ့ ချိန်းတွေ့ဖူးသင့်တဲ့ လူ(၉)မျိုးရှိပါတယ်။

၁။ ကိုယ်နဲ့လုံးဝဆန့်ကျင်ဘက်

ကိုယ်နဲ့ဘယ်အရာမှသိပ်တိုက်ဆိုင်မှုမရှိတဲ့ ဆန့်ကျင်ဘက်လူအမျိုးအစားက ကိုယ့်အတွက်ဆွဲဆောင်မှုအပြည့်ပေးနိုင်ပါတယ်။ လူတိုင်းက ခံစားချက်အသစ်အသစ်တွေ ခံစားကြည့်ချင်ကြတယ်မဟုတ်လား။

play

 

၂။ အသက်ပိုကြီးသူ

ကိုယ့်ထက် ၁၀နှစ်လာက် ပိုပြီးအသက်ကြီးတဲ့သူနဲ့ ချိန်းတွေ့ဖူးပါသလား။ သူတို့ဟာ ကိုယ့်ကိုဘယ်လိုဂရုစိုက်ရမယ်၊ ဘယ်လိုပျော်အောင်ထားရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။

၃။ ခပ်ဆိုးဆိုး

မိဘတွေလည်းကြည့်လို့မရ၊ သူငယ်ချင်းတွေနဲ့လည်းအစေးမကပ်ပေမဲ့ သူနဲ့တွဲနေချင်တယ်၊ တွဲဖူးချင်တယ်ဆိုတဲ့ ခပ်ဆိုးဆိုး ခပ်မိုက်မိုက်လေးတွေပေါ့။

၎။ ရည်းစားဟောင်း

ချစ်ခဲ့ဖူးပြီးသားပါ။ ပြန်တွဲဖို့အတွက် ဘာမှခက်စရာအကြောင်းမရှိသလို ပြန်လည်းတွဲဖူးသင့်ပါတယ်။

play

 

၅။ ကဗျာဆန်သူ

ဒါကတော့ လူတိုင်းရဲ့ အိပ်မက်ထဲက မင်းသား၊ မင်းသမီးလေးတွေပေါ့။ ကဗျာဆန်ဆန်ချစ်ပေးနိုင်တဲ့သူကို ဘယ်သူမှမငြင်းချင်သလို ချိန်းတွေ့ချင်စိတ်ဖြစ်တာလည်း မဆန်းပါဘူး။

၆။ ကတိတည်တဲ့သူ

ဒါလည်း ချိန်းတွေ့ဖူး၊ တွဲဖူးသင့်တဲ့သူပါပဲ။

play

 

၇။ သူငယ်ချင်းအဆင့်တိုး

သူငယ်ချင်းကနေမှ ချိန်းတွေ့ချင်၊ တွဲချင်လာတဲ့သူမျိုးပါ။ သူငယ်ချင်းလိုလည်း အားပေးနားလည်ပေးနိုင်သလို၊ ချစ်သူလိုလည်း ယုယုယယချစ်ပေးနိုင်မယ်ဆိုတော့ ဘာလိုဦးမှာလဲ။

၈။ ကလေးဆန်တဲ့သူ

လူတွေထင်နေတာက ကိုယ်ကချည်းပဲကလေးဆန်ချင် ဆိုးချင်တယ်ပေါ့။ တကယ်တမ်း ကလေးဆန်တဲ့သူ၊ ဆိုးတဲ့သူကို အလိုလိုက်ရတာလည်း ခံစားချက်တစ်မျိုးနဲ့ လူကိုရင့်ကျက်စေသလို အချစ်နဲ့ပတ်သက်တဲ့ သင်ခန်းစာသစ်တွေလည်း သင်ယူလို့ရသေးတယ်။

play

 

၉။ လူရှုပ်

ပွေမှန်းရှုပ်မှန်းသိသိကြီးနဲ့ သူ့ရဲ့တပ်မက်စရာအနမ်းတွေ၊ စကားတွေ၊ ခပ်ဟော့ဟော့ ခပ်မိုက်မိုက် နေပုံထိုင်ပုံ ပုံစံတွေက သူနဲ့ချိန်းမတွေ့ဘဲမနေနိုင်အောင် လှုံ့ဆော်နေတာပေါ့။ တကယ်လည်း တွဲပြီးရင် ကိုယ်ပဲအသည်းကွဲရဖို့ များပါတယ်။ ဒါပေမဲ့ သင်ခန်းစာတွေတော့ ရလိုက်တာပေါ့။ သူတို့နဲ့တွဲတဲ့အခါ ကိုယ့်ဘက်က အလွန်အကျွံ မနစ်နာအောင်တော့ သတိထားပြီးတွဲရပါမယ်။

Source : Radioone

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ