Lifestyle: အွန်လိုင်းအကြူစိန်တွေ သိထားသင့်တဲ့အချက် (၄) ချက်

, updated

အွန်လိုင်းပေါ်မှာ ကြူတိုင်း ကောင်းတယ်/ဆိုးတယ်လို့ တစ်ထစ်ချမှတ်ယူလို့မရပြန်ဘူး။

play

 

အင်တာနက်သုံးပြီဆိုမှတော့ chatting လေးပြော၊ အီစီကလီလေးလုပ်၊ ပျော်စရာလေးတွေရှာတာ သိပ်ဆန်းလှချည်ရဲ့တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့လိုလုပ်တိုင်း ကောင်းတယ်လို့တော့လည်း တစ်ထစ်ချမှတ်ယူလို့မရပြန်ဘူး။

play

 

၁။ နောက်ဆက်တွဲရလဒ်

ကိုယ်ကရည်ရွယ်ချက်တစ်မျိုးနဲ့ပြောပေမဲ့ တစ်ဖက်က တစ်လွဲအဓိပ္ပာယ်ကောက်မိတာတို့၊ ကိုယ်ကအပျော်အပျက်စပေမဲ့ တစ်ဖက်က တော်တော်ထိခိုက်ခံစားရတာမျိုးတွေအပေါ်မှာ ခင်မင်မှုနဲ့ပတ်သက်ပြီး ဘာတွေဖြစ်လာနိုင်လဲဆိုတာ ထည့်စဉ်းစားဖို့လိုပါတယ်။

play

 

၂။ စိတ်ရှုပ်စရာဖြစ်လာနိုင်

ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် Chat တာ များလာလေလေ၊ ပိုခင်လာလေလေ၊ ကြူမိလေလေ၊ ပိုတွယ်တာလေလေနဲ့ စိတ်ရှုပ်စရာတွေက ပိုပိုများလာနိုင်ပါတယ်။

play

 

၃။ ပျော်စရာလည်းကောင်း

ဘာပဲဖြစ်ဖြစ် လူတစ်ယောက်နဲ့စကားပြောရတာ သူ့နည်းသူ့ဟန်နဲ့တော့ ပျော်စရာကောင်းသလို အပျင်းလည်းပြေတာတော့ အမှန်ပါပဲ။ အနုအရွလေးတွေနဲ့ ချစ်စရာကောင်းအောင်ပြောရလေလေ၊ ပိုသဘောတွေ့လေလေပေါ့။

play

 

၎။ ကြိုတင်ပြင်ဆင်ထား

ပုံတွေ များများ မပို့မိပါစေနဲ့။ အတိအကျပြောရရင် တခြားလူတွေကိုပါ မပြရဲတဲ့ပုံတွေမျိုးပေါ့။ အရာအားလုံးကို ပုံသေမှတ်ထားလို့ မရတာ အွန်လိုင်းပါပဲ။ ပြောင်းလဲမှုတွေရှိနိုင်လို့ သတိရှိပါ။ စိတ်ကို ပေါ့ပေါ့ပါးပါး ထားမိဖို့လည်း လိုပါတယ်။

Source : Cosmopolitans

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ