Lifestyle: ရန်ကုန်သင်္ကြန် ပထမအကြတ်နေ့ မြင်ကွင်းများ

, updated

ပြည်လမ်းကတော့ဒီနေ့မှာ တိုးမပေါက်အောင် စည်ကားခဲ့ပါတယ်။

play

 

ရန်ကုန်မြို့ရဲ့ဒုတိယ သင်္ကြန်အကြတ်နေ့ကတော့ ရန်ကုန်သင်္ကြန်ရဲ့ အရသာကို အပြည့်အ၀ခံစားရတယ်လို့ ဆိုရမှာပါ။ မဏ္ဍပ်တွေအများစုရှိတဲ့ ပြည်လမ်းကတော့ဒီနေ့မှာ တိုးမပေါက်အောင် စည်ကားခဲ့တာကြောင့် ရေပက်ခံကားတွေနဲ့ ပြည့်ကြပ်နေခဲ့ပါတယ်။

play

 

ပြည်လမ်းပေါ်မှာ စည်ကားခဲ့သလို ရန်ကုန်မြို့တွင်း၊ မြို့ပြင်က ရပ်ကွက်အသီးသီးမှာလည်း တစ်နိုင်တစ်ပိုင် အုန်းလက်မဏ္ဍပ်တွေထိုးပြီး ပျော်ပျော်ရွှင်ရွှင် ရေဆော့ကစားခဲ့တာကို တွေ့ရပါတယ်။

play

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့လည်း လူစည်ကားတဲ့ နေရာတိုင်းမှာ အင်ပြည့်အားပြည့် လုံခြုံရေးယူပေးနေတဲ့အပြင် အများပြည်သူလုံခြုံရေးအတွက် မိုင်းရှာခွေးတွေနဲ့ပါ တာဝန်ထမ်းဆောင်ခဲ့တာကို တွေ့ရပါတယ်။

play

 

နာရေးကူညီမှုအသင်း(ရန်ကုန်) ရဲ့ ပေးဆပ်သူများသံချပ်အဖွဲ့ ကလည်း ရန်ကုန်ဗဟိုမဏ္ဍပ်မှာ ဒီနေ့ မနက်ပိုင်းက ဖျော်ဖြေခဲ့ပါတယ်။

play

 

MPT မဏ္ဍပ်မှာ ဖျော်ဖြေနေတဲ့ ကော်ဖီခါးခါးနဲ့ ဂိုးသွင်းကောင်းတဲ့ ကိုကို။

play

 

ပရိသတ်တွေကို အပြစ်မမြင်ပဲ ဖျော်ဖြေနေတဲ့ ၀ိုင်းစုခိုင်သိန်း။

play

 

မြန်မာနှစ်သစ်ကူး အခါသမယမှာ စတုဒီသာကြွေးပြီး ကုသိုလ်ကောင်းမှု ယူနေတဲ့သူတွေလည်း မရှားပါဘူး။

Photo : Nyein Chan (7DaysDaily),Hong Sar(Mizzima),PMG

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ