AD
AD
AD
play


ဆေးလိပ်သောက်ခြင်းက ခန္ဓာကိုယ်ကျန်းမာရေး ဆိုးကျိုးများ ဖြစ်ပွားနိုင်ကြောင်း ဆရာဝန်တွေက ကာလကြာရှည်ကတည်းက သတိပေးခဲ့ကြပါတယ်။ အခုနောက်ဆုံး အသစ်ပြုလုပ်ခဲ့တဲ့ သုတေသနရလဒ်အရ ဆေးလိပ်သောက်ခြင်းဟာ ခန္ဓာကိုယ်အတွက်သာမက လူမှုဘဝကိုပါ ထိခိုက်မှု ရှိနိုင်ကြောင်း တွေ့ရပါတယ်။

play


အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ဆေးပညာကောလိပ်မှ သုတေသီတွေရဲ့ လေ့လာမှုအရ ဆေးလိပ်သောက်သူတွေ ဟာ အလုပ်အကိုင် ရရှိနိုင်မှုခက်ခဲပြီး ဝင်ငွေရရှိမှုလည်း လျော့နည်းတတ်တယ်လို့ သိရပါတယ်။ သုတေသီတွေက ဆေးလိပ်သောက်ခြင်းနဲ့ အလုပ်လက်မဲ့ဖြစ်မှုကြား တိုက်ရိုက်ဆက်နွယ်မှုကို ပထမအဆင့် တွေ့ရှိခဲ့ပါတယ်။

play


သုတေသနအရ အလုပ်လက်မဲ့တွေ ဖြစ်ကြတဲ့ ဆေးလိပ်သောက်သူ ၁၃၁ ဦးနဲ့ ဆေးလိပ်မသောက်သူ ၁၂၀ ကို နှိုင်းယှဉ် လေ့လာခဲ့ကြပါတယ်။ ၎င်းတို့ကို ၆ လနဲ့ တစ်နှစ်ကြာ စောင့်ကြည့်လေ့လာခဲ့ပါတယ်။ တစ်နှစ်ကြာပြီးတဲ့နောက်မှာ ဆေးလိပ်သောက်သူ ၂၇ ရာခိုင်နှုန်းကသာ အလုပ်အကိုင် ရရှိခဲ့ပြီး ဆေးလိပ်မသောက်သူတွေမှာတော့ ၅၆ ရာခိုင်နှုန်းက အလုပ်အကိုင် ရရှိခဲ့ကြောင်း တွေ့ရပါတယ်။

ဒါ့ပြင် အလုပ်လုပ်ရာမှ ရရှိတဲ့ ဝင်ငွေမှာလည်း ဆေးလိပ်သောက်သူတွေဟာ မသောက်သူတွေထက် လျော့နည်းနေကြောင်း သုတေသနရလဒ်က ဖော်ပြပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD