Lifestyle: ဒဏ္ဍာရီပုံပြင်တွေထဲကအတိုင်း ဝတ်ဆင်ခဲ့တဲ့ အသက် ၈၀ ကျော်စုံတွဲ

ရိုမန်တစ်ဆန်လှတဲ့ ဒီမင်္ဂလာဆောင်အကြိုဓာတ်ပုံတွေဟာ တရုတ်ဆိုရှယ်မီဒီယာမှာ နာမည်ကြီးသွားခဲ့ပါတယ်။

play

 

အသက် ၈၁ နှစ်အရွယ် ဂျောင်ယွန်ရှင်းဟာ သူ့ဇနီးသည်ရဲ့ ငယ်ဘဝအိပ်မက်ကို အကောင်အထည် ဖော်ပေးတဲ့အနေတဲ့ ဒီဓာတ်ပုံတွေကို ရိုက်ကူးခဲ့တာပါ။

play

 

အဘိုးအဘွားစုံတွဲဟာ စင်ဒရဲလားနဲ့ မင်းသားလေး၊ စနိုးဝှိုက်နဲ့ မင်းသားလေး စတဲ့ နာမည်ကြီး ဒဏ္ဍာရီ ပုံပြင်တွေထဲကအတိုင်း ဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ခဲ့ကြတာပါ။

play
စနိုးဝှိုက်နဲ့ မင်းသားလေး

 

သူတို့နှစ်ယောက်ဟာ ကိုရီးယားရဲ့ နာမည်ကြီးဇာတ်လမ်းတွဲဖြစ်တဲ့ Descendants of the Sun ဇာတ်ကားထဲက စုံတွဲလို ဝတ်ဆင်ပြီးတော့လည်း ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ အဘိုးနဲ့အဘွားဟာ မူလ သရုပ်ဆောင် မင်းသားမင်းသမီးတွေလိုပဲ ဆွဲဆောင်မှုရှိနေတာကိုလည်း တွေ့ရပါတယ်။

play

 

သူတို့စုံတွဲရဲ့ ရိုမန်တစ်ဆန်တဲ့ ခရီးစဉ်ကို ဆက်လက်ချီတက်ဖို့ အိပ်မက်ဆန်တဲ့ မင်္ဂလာပွဲပြုလုပ်ဖို့လည်း ပြင်ဆင်ထားတယ်လို့ အဘိုး ဂျောင်က ပြောပါတယ်။

Source & Photos : en.people

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ