Lifestyle: အောင်မြင်ကျော်ကြားသူအချို့ရဲ့ စံအိမ်ကြီးများ

, updated

အောင်မြင်ကျော်ကြားသူအချို့ ပိုင်ဆိုင်ခဲ့၊ ပိုင်ဆိုင်ဆဲ စံအိမ်ကြီးတွေအကြောင်း အကျဉ်းချုပ် ဖော်ပြထားပါတယ်။

ရီဟားနားရဲ့ တစ်ချိန်တုန်းက နေအိမ်

play


ဘီဗာလီ ဟေးလ်စ်မှာရှိတဲ့ အဆိုတော် ရီဟားနား တစ်ချိန်ကပိုင်ဆိုင်ခဲ့တဲ့ နေအိမ်ကြီးဟာ လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက ဒေါ်လာ ၆.၉ သန်း တန်ဖိုးရှိခဲ့ပါတယ်။ အကျယ်အဝန်း ၈,၅၂၀ စတုရန်းပေရှိတဲ့ ဒီ စံအိမ်ကြီးကို ရီဟားနားက လျှော့ဈေးဖြင့် ပြန်လည်ရောင်းချခဲ့ပါတယ်။

ရေပြဿနာကြောင့် ရီဟားနားက ပြန်လည် ရောင်းချခဲ့တာဖြစ်ပြီး နေအိမ်ကြီးကို တာဝန်ယူဆောက်လုပ်ပေးတဲ့ ကုမ္ပဏီကို ရီဟားနားက တရားစွဲဆိုခဲ့ပါသေးတယ်။ ဒီ စံအိမ်ကြီးမှာ အိပ်ခန် ၈ ခန်း၊ အိမ်သာနဲ့ရေချိုးခန်းတွဲလျက် ၁၀ ခန်း၊ ချွေးထုတ်ခန်းတစ်ခန်းနဲ့ အိမ်တွင်း ရုပ်ရှင်စနစ်တွေ ပါဝင်ပါတယ်။

ကိတ်ဝင်းဆလက်ရဲ့ နေအိမ်

သစ်သားတွေကို အဓိက အသုံးပြုတည်ဆောက်ထားတဲ့ တိုင်တန်းနစ်မင်းသမီး ကိတ်ဝင်းဆလက်ရဲ့ နေအိမ်ဖြစ်ပါတယ်။

play


အင်္ဂလန်မှာ တည်ရှိပြီး ဈေးနှုန်းကို ဒေါ်လာ ၇၀၀,၀၀၀ သတ်မှတ်ထားပါတယ်။ မတူညီတဲ့ သစ်အမျိုးအစား ၇ မျိုးကို အသုံးပြုပြီး လှပစွာ တည်ဆောက်ထားပါတယ်။ သဘာဝကို ချစ်မြတ်နိုးသူတွေ အကြိုက်တွေ့နှစ်သက်စေမဲ့ အိမ်တစ်အိမ် ဖြစ်ပါတယ်။

ဒေါ်နယ်ထရန့်ရဲ့ နေအိမ်

play


အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင်ဖို့ ကြိုးပမ်းနေတဲ့ ဒေါ်နယ်ထရန့်ရဲ့ နယူးယောက်ခ် စံအိမ်ကြီးက ဒေါ်လာ သန်း ၁၀၀ တန်ကြေးရှိပါတယ်။ အိမ်တွင်း အသုံးအဆောင် ပစ္စည်းတွေကို ရွှေကွပ်ထားပါသတဲ့။ တန်ဖိုးကြီးလှတဲ့ မီးပန်းဆိုင်းကြီးတွေနဲ့လည်း အလှဆင်ထားပါသေးတယ်။ ဒါ့အပြင် နယူးယောက်ခ်မြို့ကြီးကို အပေါ်စီးက ကြည့်ရှုနိုင်ပြီး ရဟတ်ယာဉ်ကွင်းလည်း ပါရှိပါတယ်။

ပဲရစ်ဟီလ်တန် နေအိမ်

ဟိုတယ်အမွေခံ သူဌေးမလေး ပဲရစ်ဟီလ်တန်ရဲ့ လော့စ်အိန်ဂျလိစ်မှာရှိတဲ့ နေအိမ်က ဒေါ်လာ ၆ သန်းတန်ပါတယ်။

play


အကျယ်အဝန်း စတုရန်းပေ ၇,၅၀၀ ရှိပြီး အိပ်ခန်း ၅ ခန်းနဲ့ ရေချိုးခန်း အိမ်သာတွဲလျက် ၅ ခန်း ပါဝင်ပါတယ်။ လှပတဲ့ ရေကူးကန် ပါရှိပြီး လော့စ်အိန်ဂျလိစ်ကို အပေါ်စီးကနေ ကြည့်ရှုခံစားနိုင်ပါတယ်။

တိုက်ဂါးဝုဒ် နေအိမ်

play


ဖလော်ရီဒါပြည်နယ် ဂျူပီတာကျွန်းပေါ်မှာရှိတဲ့ နာမည်ကြီး ဂေါက်သီးရိုက် အားကစားသမား တိုက်ဂါးဝုဒ်ရဲ့ နေအိမ်ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ ဒီ နေအိမ်ကြီးရဲ့ တန်ဖိုးက ဒေါ်လာ သန်း ၆၀ လို့ ဆိုပါတယ်။

ဒေးဗစ်ဘက်ခမ်း နေအိမ်

play


ဘောလုံးစတား ဒေးဗစ်ဘက်ခမ်း နေအိမ်ကြီးကို ဝယ်ယူခဲ့စဉ်က ဒေါ်လာ ၂၂ သန်း ပေးရပါတယ်။ အီတလီပုံစံ တည်ဆောက်ထားတဲ့ နေအိမ်ဖြစ်ပြီး အကျယ်အဝန်း စတုရန်းပေ ၁,၃၀၀ ဖြစ်ပါတယ်။ အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း အိမ်သာတွဲလျက် ၉ ခန်းနဲ့ မီးဖို ၆ ခု ပါရှိပါတယ်။

အက်ဒီမာဖီ နေအိမ်

နယူးဂျာစီမှာရှိတဲ့ အက်ဒီမာဖီရဲ့ နေအိမ်ပါ။

play

 

ဒီ အိမ်ကြီးကို အက်ဒီမာဖီက ဒေါ်လာ သန်း ၃၀ ဖြင့် ဝယ်ယူခဲ့တာဖြစ်ပြီး အဆိုပါ ဒေသမှာ တန်ဖိုးအကြီးဆုံး နေအိမ်တစ်လုံးလည်း ဖြစ်ပါတယ်။ အဆိုပါ အိမ်ကြီးမှာ အခန်းပေါင်း ၃၂ ခန်းအထိ ပါဝင်ပါတယ်။

ဖျော်ဖြေရေးနေရာတွေ၊ တင်းနစ်ကစားကွင်း၊ ရေကူးကန် စသဖြင့် အစုံအလင် ပါရှိပါတယ်။ ဆန်ဖရန်စစ္စကိုနဲ့ မိနစ် ၉၀ ကြာ အကွာအဝေးမှာ တည်ရှိတဲ့ အဆိုပါ အိမ်ကြီးမှာ အိပ်ခန်း ၅ ခန်း၊ ဂိမ်းကစားခန်း တစ်ခန်း၊ စက်လှေခါး၊ ရှုခင်းကြည့်နေရာ စသဖြင့် ပါရှိပါတယ်။

ဂျုံး ရေးဗားစ် နေအိမ်

နယူးယောက်မြို့မှာ တည်ရှိတဲ့ အဆိုပါ နေအိမ်က ဈေးကွက်တန်ကြေး ဒေါ်လာ ၂၉.၅ သန်း ဖြစ်ပါတယ်။

play


အကျယ်အဝန်း စတုရန်းပေ ၅,၀၀၀ ရှိပြီး မျက်နှာကြတ်တွေကို ၂၃ ပေအမြင့်မှာ လှပစွာပြင်ဆင်ထားပါတယ်။ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၅ ခန်းနဲ့ ကြမ်းခင်းမှာ စကျင်ကျောက်တွေနဲ့ လှပစွာပြင်ဆင်ထားပါတယ်။

ဆလင်းဒီယွန် နေအိမ်

play


ဖလော်ရီဒါမှာရှိတဲ့ ဆလင်ဒီယွန်းရဲ့ နေအိမ်က ဒေါ်လာ သန်း ၈၀ တန်းကြေးရှိပါတယ်။ ကိုယ်ပိုင် တင်းနစ်ကစားကွင်း၊ ရေပန်းဥယျာဉ်တို့ အပြင် ကိုယ်ပိုင် ကမ်းခြေသဘောမျိုးပင် ပါရှိပါသေးတယ်။

ဝီလ်စမစ် နေအိမ်

ဝီလ်စမစ်တို့ ဇနီးမောင်နှံက မာလီဘူးမှာတည်ရှိတဲ့ နေအိမ်ကို ဒေါ်လာ သန်း ၂၀ ဖြင့် ဝယ်ယူခဲ့ပါတယ်။

play


အကျယ်အဝန်း စတုရန်းပေ ၂၅,၀၀၀ အထိ ကျယ်ဝန်းလှပါတယ်။ အဆိုပါ နေအိမ်ကြီးကို မြေအကျယ်အဝန်း ဧက ၁၅၀ ပေါ်မှာ တည်ဆောက်ထားပြီး မွေးမြူရေးခြံ၊ တင်းနစ်ကစားကွင်း၊ ရေကူးကန်အပြင် ကိုယ်ပိုင် ရေကန်ကြီးတစ်ကန်လည်း ပါရှိပါတယ်။
Source & Photo: CeleBuzz

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ