Lifestyle: ကမ္ဘာတစ်လွှားက တစ္ဆေမြို့ (၃) မြို့

, updated

တစ်ချိန်က စည်ကားခဲ့တဲ့မြို့တွေဖြစ်ပြီး အခုတော့ လူတွေ မနေကြတော့ပါဘူး။

play

 

မိသားစုများစွာတို့ရဲ့ မြို့ဖြစ်ခဲ့ပြီး စည်ကားသိုက်မြိုက်ခဲ့တဲ့ ဒီမြို့တွေမှာ လူတွေမရှိတော့ပေမဲ့လည်း လူသားတို့ရဲ့ အငွေ့အသက်တွေက အခုထိ ရှိနေတုန်းပါပဲ။

၁။ အိုရာဒူးဆူဂလန်၊ ပြင်သစ်

play

 

၁၉၄၄ ခုနှစ် ဇွန်လ ၁၀ ရက်မှာ ပြင်သစ်ရွာလေးတစ်ရွာဖြစ်တဲ့ အိုရာဒူးဆူဂလန်မှာ နေထိုင်သူအားလုံးဟာ နာဇီစစ်သားတွေရဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အမျိးသားတွေကို တင်းကုတ်ဆီကို ခေါ်သွားပြီး လမ်းမလျှောက်နိုင်တဲ့အတိ သေနတ်နဲ့ အကြိမ်ကြိမ်ပစ်ခတ်တယ်။ ပြီးတော့ သူတို့ကို ဓာတ်ဆီလောင်းပြီး မီးရှို့တယ်။ ဘုရားကျောင်းတစ်ခုထဲက ထိုင်ခုံတွေကို ဓာတ်ဆီတွေ ရွှဲနေအောင် လောင်းပြီး အမျိုးသမီးတွေနဲ့ ကလေးတွေကို ဘုရားကျောင်းထဲ စုပြုံထည့်ပြီး မီးရှို့သတ်တယ်။ ထွက်ပြေးတဲ့သူတွေကို စက်သေနတ်နဲ့ ပစ်ခတ်တယ်။ ကလေးငယ် ၂၀၅ ဦးအပါအဝင် စုစုပေါင်း ၆၄၂ ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။ လွတ်မြောက်တဲ့သူဆိုလို့ တစ်ဦးနှစ်ဦးခန့်သာ ရှိခဲ့တယ်။

play

 

စစ်ပွဲအပြီးမှာတော့ ပြင်သစ်သမ္မတ ဗိုလ်ချုပ် ချားဒီဂေါလ်က အဲဒီရွာလေးကို ဘယ်တော့မှ ပြန်လည်မတည်ဆောက်သင့်ဘူးလို့ ကြေညာလိုက်တယ်။ ဒါပေမဲ့ သေဆုံးခဲ့တဲ့ အပြစ်မဲ့သူတွေ အမှတ်တရအဖြစ် အဲဒီရွာလေးကို ဒီအတိုင်းပဲ ရှိနေစေခဲ့တယ်။ နာဇီတွေရဲ့ အဆိုးရွားဆုံး ရက်စက်ယုတ်မာမှုတစ်ခုအဖြစ် ယနေ့တိုင် ရှိနေဆဲပါပဲ။

၂။ ပရစ်ပြတ်၊ ယူကရိန်း

play

 

ယူကရိန်းနိုင်ငံရဲ့ ချာနိုဗယ်နျူကလီးယားဓာတ်ပေါင်းဖိုနဲ့ ၃ ကီလိုမီတာခန့်သာ ဝေးတဲ့ ပရစ်ပြတ်မြို့ကို အဲဒီစက်ရုံက အလုပ်သမားတွေ နေထိုင်ဖို့ တည်ဆောက်ထားတာပါ။ ဒါပေမဲ့ ၁၉၈၆ ခုနှစ်မှာ ချာနိုဗယ်နျူကလီးယားဓာတ်ပေါင်းဖို ယိုစိမ့်ပြီးတဲ့နောက် ပရစ်ပြတ်မှာနေထိုင်သူ ငါးသောင်းဟာ အလျင်အမြန်ရွေ့ပြောင်းခဲ့ရတယ်။ ရက်အနည်းငယ်အတွင်း ပြန်လာခွင့်ရမယ်လို့ ယူဆတဲ့အတွက် သူတို့ပိုင်ဆိုင်သမျှတွေကို ထားခဲ့ကြပါတယ်။

မြို့ရဲ့ ဖျော်ဖြေရေးဥယျာဉ်ကို ၁၉၈၆ ခုနှစ် မေဒေးနေ့မှာ ဖွင့်ဖို့ ရည်ရွယ်ထားပေမဲ့လည်း အဲဒီနေ့မတိုင်ခင်ကတည်းက မြို့က တစ္ဆေမြို့ ဖြစ်နေခဲ့ပါပြီ။ သံချေးတွေတက်နေတဲ့ ချားရဟတ်ကြီးဟာ ဖြစ်ရပ်ဆိုးကြီးရဲ့ သင်္ကေတအဖြစ် ထီးထီးကြီးမြင်တွေ့နေရဆဲပါပဲ။ ချာနိုဗယ်ပတ်ဝန်းကျင်ကို လူတွေ ပြန်နေထိုင်နိုင်ဖို့အတွက် နှစ်ပေါင်း ၃၂၀ ကြာမယ်လို့ ဆိုပါတယ်။

 

၃။ ဟာရှီးမားကျွန်း၊ ဂျပန်

play

 

ဟာရှီးးမားကျွန်းမှာ နာမည်နှစ်မျိုးရှိပါတယ်။ ပထမနာမည်က စစ်သင်္ဘောနဲ့တူတဲ့အတွက် ဂန်ကန်ဂျီးမား (စစ်သင်္ဘောကျွန်း) လို့ ခေါ်တွင်ပြီး ဒုတိယနာမည်က တစ္ဆေကျွန်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၁၀၀ ခန့်က ဟာရှီးမားကျွန်းဟာ ကျောက်မီးသွေးတွင်းတစ်ခု ဖြစ်တဲ့အတွက် လူတွေနေထိုင်ခဲ့ကြပါတယ်။ သတ္တူတွင်း အလုပ်သမားတွေနဲ့ မိသားစုတွေ များပြားလာတဲ့အတွက် လူနေရပ်ကွက်တွေ တည်ဆောက်ခဲ့ပြီး ဆေးရုံတွေ၊ ကျောင်းတွေ၊ စားသောက်ဆိုင်တွေနဲ့ စည်စည်ကားကားဖြစ်ခဲ့ပါတယ်။ ၁၆ ဧကသာရှိတဲ့ နေရာလေးမှာ နေထိုင်သူ ၅,၀၀၀ အထိ ရှိလာခဲ့ပြီး ၁၉၇၄ ခုနှစ်မှာတော့ ကျောက်မီးသွေးတွေ ကုန်သွားခဲ့ပါတယ်။

အဲဒါကြောင့် ကျောက်မီးသွေးစက်ရုံကို ပိတ်ခဲ့ပြီး အလုပ်သမားတွေ ပြည်မကြီးကို ပြန်လာရင် အလုပ်အကိုင်တွေ ပြန်ပေးမယ်လို့ ပြောခဲ့ပေမဲ့ ဦးရာလူ စနစ်ဖြစ်တာကြောင့် မိသားစုတွေက အမြန်ဆုံး သွားရောက်ခဲ့ရတယ်။ သူတို့ရဲ့ ပိုင်ဆိုင်သမျှ ပစ္စည်းတွေကို ဒီအတိုင်းထားခ့ကြတယ်။

နှစ်ပေါင်း ၃၀ အကြာမှာတော့ ကျွန်းပေါ်က မြို့လေးဟာ စွန့်ပစ်ခံထားရတာကြောင့် ပျက်စီးယိုယွင်းသွားခဲ့ပေမဲ့ ၂၀၀၉ ခုနှစ်မှာတော့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ပြန်လည် ဖွင့်လှစ်ပေးခဲ့တဲ့တယ်။ ၂၀၁၂ မှာ ဂျိမ်းစ်ဘွန်းဇာတ်ကားတစ်ကားဖြစ်တဲ့ Skyfall ရဲ့ ရုပ်ရှင်ရိုက်ကွင်းတစ်ခုအဖြစ် အသုံးပြုခဲ့ပါသေးတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ