Lifestyle: အသက် ၂၅ နှစ်အရွယ်မှာ လူတိုင်း ကြုံရတဲ့ ဒုက္ခ (၅) မျိုး

, updated

အသက် ၂၅ ဆိုတာ ဘဝတစ်ခုလုံးအတွက် စကောစက အရွယ်ဖြစ်ပါတယ်။

play

 

အသက် ၂၅ နှစ်မတိုင်ခင် အရွယ်ဟာ ဘဝရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိဖို့ စတင်အကောင်အထည် ဖော်တတ်ကြတဲ့ ပျမ်းမျှအရွယ်ဖြစ်ပါတယ်။ အတွေ့အကြုံ မစုံလင်သေးတဲ့  အရွယ်ဖြစ်တာကြောင့် အမှားအများစုဟာ ဒီအချိန်မှာ ကြုံတွေ့ရတတ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်မတိုင်ခင် လူငယ်အများစု မှားယွင်းတတ်တဲ့ အမှားတွေရှိပါတယ်။ ဒါတွေ ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်း (၅) ခုရှိပါတယ်။

၁။ ပန်းတိုင်ရောက်ဖို့ လက်မလျှော့ပါနဲ့

play

 

အသက် ၂၀ အကျော်အရွယ်ဟာ အတွေ့အကြုံယူခါစ အရွယ်ဖြစ်ပါတယ်။ ဒီအရွယ်မှာ လုပ်နေတဲ့ အလုပ်အကိုင်က ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်နဲ့ ထပ်တူကျဖို့ ခဲယဉ်းပါတယ်။ လက်ရှိအလုပ်ကြောင့် စိတ်ကူးအိပ်မက်ကို လက်မလွှတ်ပါနဲ့။ လက်ရှိအလုပ်ကိုလည်း ချက်ခြင်းမစွန့်လွှတ်ပါနဲ့။ အတွေ့အကြုံဟာ ငွေပေးလို့ မရနိုင်ပါဘူး။

၂။ အကောင်းဆုံး ကြိုးစားပါ။ ကျရှုံးမှုကို စိတ်မပျက်ပါနဲ့

play

 

အလုပ်ပဲ ဖြစ်ဖြစ်၊ relationships ပဲဖြစ်ဖြစ်၊ မိသားစုရေးပဲ ဖြစ်ဖြစ် ဒီအရွယ်မှာ အဆင်မပြေ ဖြစ်တတ်ပါတယ်။ အနည်းဆုံး တစ်ခါလောက်တော့ ကြုံရမှာပါ။ ကျရှုံးမှုတွေကို ဆက်မယူသွားပါနဲ့။ အမှားတွေထဲက သင်ခန်းစာပဲ ယူပါ။

၃။ အခြားသူတွေ ကိုယ့်ကိုဘယ်သူလဲလို့ သတ်မှတ်တာ မခံပါနဲ့

play

 

မင်းက အောင်မြင်မယ့်သူမဟုတ်ဘူးဆိုတဲ့ စကားမျိုးတွေ၊ မင်းက ဒီနေရာမှာ အောင်မြင်မှာ မဟုတ်ဘူးဆိုတဲ့ မှတ်ချက်မျိုးတွေကို သိမ်းမထားပါနဲ့။ လက်ရှိအခြေအနေမှာ အကောင်းဆုံး ဖြစ်အောင်သာလုပ်ပါ။ စိတ်ကူးအိပ်မက်ကို အမြဲတွေးနေပါ။

၎။ ငွေကြေးကို စနစ်တကျသုံးစွဲပါ

play

 

ငွေကြေးများစွာ ရှာဖို့မလွယ်သေးတဲ့ ဒီအချိန်မှာ ရတဲ့ဝင်ငွေကို စိတ်မပျက်ပါနဲ့။ အခြေအနေ အမျိုးမျိုးကြောင့် ကိုယ့်အသက်အရွယ်မှာ ငွေကြေးများစွာ သုံးစွဲနို်င်နေသူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်တာမျိုး မလုပ်ပါနဲ့။ ထွက်သမျှ ပစ္စည်းအသစ်တွေကို ဝယ်ဖို့မလိုအပ်ဘူးဆိုတာ သတိရပါ။ ရှိတဲ့ပစ္စည်းတွေနဲ့ ယုံကြည်ချက်ရှိရှိ နေထိုင်ပါ။

၅။ အကြံဉာဏ်တွေယူပါ

play

 

ကိုယ့်ထက် အသက်အားဖြင့်၊ အတွေ့အကြုံအားဖြင့် များနေသူတွေဆီက ဗဟုသုတနဲ့ အတွေ့အကြုံတွေရယူပါ။ အတော်များများက အသက် ၂၅ နှစ် အရွယ်မှာ ကိုယ်ဘာဖြစ်ချင်လဲဆိုတာ တိတိကျကျ မသိတတ်ကြသေးပါဘူး။ ဒီအရွယ်မှာ အဆင်မပြေဖြစ်မှုတွေက တစ်ဘဝလုံးစာ မဟုတ်ဘူးဆိုတာ သတိရပါ။ အတွေ့အကြုံများသူတွေဆီက အကြောင်းအရာတွေကို လေ့လာပါ။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ