Lifestyle: ကိုယ့်အပေါ် မကောင်းတဲ့ ချစ်သူရှိနေရင် တွေးသင့်တဲ့ အတွေး (၇) ခု

, updated

တစ်ခါတစ်လေမှာ ကိုယ့်အတွက် ကိုယ်တွေးပေးဖို့ မေ့နေတတ်ကြပါတယ်။

play

 

ကိုယ်ချစ်ရတဲ့ ချစ်သူက ကိုယ့်အပေါ် နွေးထွေးတဲ့ ဆက်ဆံရေးမျိုးကို လူတိုင်း လိုချင်ကြပါတယ်။ တစ်ချို့ကြတော့လည်း  ချစ်သူဆီက နွေးထွေးတဲ့ ဆက်ဆံရေးမျိုး မရတတ်ကြပါဘူး။

ကိုယ့်အပေါ် အမြဲ အပြစ်မြင်ပြီး ကောင်းကောင်းမဆက်ဆံတဲ့ ချစ်သူနဲ့ လမ်းခွဲဖို့ တွေးသင့်တဲ့ အချက် (၇) ချက်ရှိပါတယ်။

၁။ ကိုယ့်ကိုယ်ကိုယ် ပိုချစ်မယ်

play

 

စိတ်ဆင်းရဲခံပြီး ကိုယ့်အပေါ် ကောင်းကောင်း မဆက်ဆံသူကို ချစ်ရမှာထက် ကိုယ့်ကိုယ်ကိုယ်သာ ပိုချစ်ပြလိုက်တော့မယ်။

၂။ သူငါ့ကို တကယ်ချစ်ရင် ဒီလိုမလုပ်သင့်ဘူး

ကိုယ်ချစ်တဲ့သူကို အမြဲအပြစ်ရှာပြီး အော်ငေါက်နေတာမျိုး သူမလုပ်သင့်ဘူး။ တကယ်ချစ်ရင် တကယ်ရစ်တယ် ဆိုပေမဲ့ ဒီလိုဆက်လုပ်နေရင် သူငါ့ကို တကယ်မချစ်တာပဲ။

၃။ တစ်သက်လုံး ဒီလို မနေနိုင်ဘူး

play

 

အကျင့်ဆိုတာ ဖျောက်ပစ်ရခက်တယ်မလား။ သူငါ့ကို အခုချိန်မှာ ဒီလိုဆက်ဆံရင် နောက်လည်း ဆက်ဆံနေဦးမှာပဲ။ တစ်သက်လုံးတော့ စိတ်ဆင်းရဲတာ မခံနိုင်ဘူး။

၎။ တစ်ယောက်တည်း ဘဝလည်း ကောင်းပါတယ်

တစ်ယောက်တည်း ဘဝလည်း ကောင်းတာတွေ အများကြီးပါ။ ကိုယ့်ကို အနိုင်ကျင့်နေသူနဲ့ နေရတာထက် တစ်ယောက်တည်း နေရတာအများကြီး ပိုကောင်းပါတယ်။

၅။ အနာဂတ်ကောင်းကို မျှော်မယ်

ကိုယ့်မှာလည်း အလုပ်ရှိတယ်။ သူငယ်ချင်းကောင်းတချို့ရှိတယ်။ အရည်အချင်းတချို့ရှိတယ်။ ကိုယ့်အတွက် ကောင်းတဲ့အဖော်မွန်ဟာ တစ်နေ့တော့ ရောက်လာဦးမှာပဲ။

၆။ င့ါကို ဦးစားပေးသင့်တယ်

play

 

ချစ်သူကိုတော့ အခြားသူငယ်ချင်း မိတ်ဆွေတွေထက် ဦးစားပေးသင့်တယ်မလား။ ဘုရင်မတစ်ပါးလို ဆက်ဆံပေးဖို့ မလိုပေမဲ့ အရေးကြီးကိစ္စတွေမှာ ကိုယ့်ရဲ့ ခံစားချက်ကို သူထည့်တွက်သင့်တာပေါ့။

၇။ ဖိအားတွေနဲ့ မနေချင်ဘူး

သူဒီလိုဆက်ဆံတာကို ခံနေရတာ ဖိအားများတယ်။ ပျော်ရတဲ့ ရက်ဟာလည်း ရှားလာတယ်။ ဒါကြောင့် ဖိအားတွေ ထပ်ဖြစ်မလာအောင် ကြိုးစားရမယ်။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ