Lifestyle: အပူရှိန် ပြင်းထန်နေတဲ့အချိန်မှာ လုပ်သင့်တဲ့အချက်များ

အယ်နီညိုရာသီဥတု ဖြစ်နေတဲ့အချိန်မှာ နေ့စဉ် ရေရှစ်ခွက်လောက် သောက်ရင် အပူချိန်မြင့်မားတဲ့ ဒဏ်ကို ကာကွယ်နိုင်မှာပါ။

play

 

မြန်မာနိုင်ငံရဲ့လက်ရှိရာသီဥတုအနေအထားက အယ်လ်နီညိုရာသီဥတုဖြစ်တာကြောင့် အပူချိန် စံချိန်တင်မြင့်တက်တာတွေ ကြုံတွေ နေရပါတယ်။ အပူချိန်မြင့်တက်လာတာနဲ့အတူ လူတွေမှာရှိသင့်တဲ့ ကိုယ်အပူချိန်ကိုလည်း ထိန်းသိမ်းထားဖို့လိုအပ်ပါတယ်။

ချွေးထွက်တာတွေ၊ အသက်ရှူထုတ်တာတွေကနေ ကိုယ်အပူချိန်ဆုံးရှုံးတတ်ပြီး ခန္တာကိုယ်ရဲ့ အပူလွန်ကဲမှုကို ချွေးထွက်တာက ကိုယ်အပူအအေး ထိန်းညှိပေးပါတယ်။ အပူဒဏ် ပြင်းပြင်းထန်ထန် ကြုံနေရတဲ့ အချိန်မှာ ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ဓူဝံ ပရိသတ်တွေအတွက် တင်ပြလိုက်ပါတယ်။

play

 

ရေများများသောက်ဖို့ မမေ့ပါနဲ့။

လူ့ခန္တာကိုယ်က တစ်နေ့ကို ရေရှစ်ခွက်(လေးလီတာ)လောက် လိုအပ်ပါတယ်။ နေပူထဲသွားရင် ရေတစ်ခွက် သောက်ဖြစ်အောင် သောက်သွားပါ။ ရေအလုံအလောက်ရမှ ခန္ဓာကိုယ် တစ်ခုလုံး ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် လှုပ်ရှားနိုင်မှာပါ။

play

 

အရည်ရွှမ်းအသီးတွေကို စားပေးပါ။

အသီးအနှံတွေကလည်း ရေဓာတ်ကိုရနိုင်ပါတယ်။ နွေရာသီမှာ အရည်ရွှမ်းအသီးတွေကို စားပေးပါ။ ခန္ဓာကိုယ်က အညစ်အကြေးတွေကို လည်း ရေလုံလုံလောက်လောက်ရမှ စွန့်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ရေဓာတ်လုံလုံလောက်လောက်မရရင် ခန္ဓာကိုယ်အပူချိန်မြင့်မားပြီး အဖျားအနာတွေ၊ အဖုအကျိတ်တွေဖြစ်ပေါ် တတ်ပါတယ်။

ရာသီဥတုနဲ့ကိုက်ညီတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ။

အဖြူရောင်ရှိတဲ့ အဝတ်ပါးတွေကို ဝတ်ဆင်ပါ။ ထူထဲပြီး အပူစုပ်ယူနှုန်းများတဲ့ အဝတ်အထည်နဲ့ အနက်ရောင်တွေ ဝတ်ဆင်တာကို ရှောင်ကြဉ်ပါ။ လေဝင်လေထွက် နည်းပြီး ကျဉ်းမြောင်းတဲ့ ပတ်ဝန်းကျင်၊ လေကောင်းလေသန့် မရနိုင်တဲ့ နေရာတွေမှာ နေထိုင်တာက အပူဒဏ်ခံရမှာဖြစ်လို့ ဘေးထွက်ဆိုးကျိုးရောဂါတွေ တိုးလာနိုင်ပါတယ်။

အပူလွန်ကဲရင် ဘာတွေဖြစ်လာနိုင်လဲ။

အပူဒဏ်သင့်ရင် အသားအရေ ခြောက်ကပ်ပူနွေးခြင်း၊ ပူလွန်းခြင်း၊ မူးဝေခြင်း၊ သတိမေ့လျော့ခြင်း၊ စိတ်မငြိမ်ခြင်း၊ အတက်ရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ဦးနှောဏ် အာရုံကြောဆိုင်ရာ ရောဂါဝေဒနာတွေ ခံစားရနိုင်ပါတယ်။

အပူဒဏ်ကြောင့် နှလုံးခုန်ပျက်စီးပြီး သေဆုံးတဲ့ အခြေအနေကို ရောက်နိုင်တာကြောင့် အယ်နီညိုရာသီမှာ နေ့စဉ် ရေရှစ်ခွက်လောက် သောက်ရင် အပူချိန်မြင့်မားတဲ့ဒဏ်ကို ကာကွယ်နိုင်မှာပါ။

Source : MOI

Photos : thefashioncloud,clouldtemp

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ