Lifestyle: စိတ်ကျရောဂါမဖြစ်အောင် ရှောင်ရှားသင့်တဲ့ အလေ့အကျင့် (၅) မျိုး

စိတ်ဖိစီးမှုတွေကို ဆုပ်ကိုင်မထားပါနဲ့။ လျှော့ချပါ။ ဖြေရှင်းပါ။ ဒီလိုမှမဟုတ်ရင် လွှတ်ချပစ်လိုက်ပါ။

play

 

စိတ်ညစ်စရာ စိတ်ပင်ပန်းစရာတွေက ကြာလာတဲ့အခါ ပိုမိုဆိုးရွားလာနိုင်ပါတယ်။ စိတ်ညစ်စရာတွေ များပြားလာပြီး စိတ်ဓာတ်အလွန်အမင်း ကျဆင်းသွားတဲ့အခါ ဘဝရဲ့ အရသာ ပျောက်ဆုံးသွားနိုင်လို့ စိတ်ဓာတ်ကျတာတွေ မဖြစ်အောင် ဂရုစိုက်ပါ။

(၁) တစ်ယောက်တည်းနေခြင်း

တစ်ကိုယ်တည်း အခန်းတံခါးပိတ်နေတတ်ခြင်းဟာ အကျင့်ကောင်းတစ်ခု မဟုတ်ပါဘူး။ ပူးပေါင်းလုပ်ဆောင်မှုတွေဟာ သင့်ကို သွက်လက်တက်ကြွစေပြီး စိတ်ခွန်အားပေးနိုင်ပါတယ်။

play

 

 (၂) မှားယွင်းတဲ့ ကိုယ်အလေးချိန်လျှော့ချမှု

ဘေးထွက်ဆိုးကျိုးများတဲ့ ကိုယ်အလေးချိန်လျှော့ချမှု နည်းလမ်းဆိုးတွေဟာ စိတ်ကျရောဂါဖြစ်စေနိုင်ပါတယ်။ အစား လုံးဝမစားဘဲ နေခြင်းထက် အစားကို သင့်တင့်မျှတအောင် မှန်ကန်အောင် စားသုံးတာကသာလျှင် ကိုယ်နဲ့စိတ်ကို ကျန်းမာစေပါလိမ့်မယ်။

play

 

(၃) လေ့ကျင့်ခန်းမလုပ်ခြင်း

လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ကြက်တောင်ရိုက်ခြင်း စတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေနဲ့ အားကစားတွေ လုပ်ပါ။ ပြီးတော့ စိတ်လေ့ကျင့်ခန်းလဲ လုပ်ပေးပါဦး။ စိတ်ကို အနားယူပါ။ အသက်ရှုလေ့ကျင့်ခန်းတွေ လုပ်ပါ။

(၄) ပုံမှန်မဟုတ်သော အိပ်စက်မှုနှင့် စိတ်ဖိစီးမှု

လူတစ်ယောက်ရဲ့  အိပ်ချိန်ဟာ ၄ နာရီမှ ၁၀ နာရီကြား ရှိပါတယ်။ အိပ်ရေးမ၀တာဟာ ဦးနှောက်ဆဲလ်တွေကို ပျက်စီးစေနိုင်လို့ အိပ်ရေးဝဖို့ အရေးကြီးပါတယ်။ အိပ်ချိန်ကို ခွဲပြီး အိပ်စက်တာမျိုး (ဥပမာ ၂နာရီအိပ် လေးနာရီအလုပ်လုပ် ၂နာရီ ပြန်အိပ်တာမျိုး) ဟာ အလွန်အန္တရာယ်များပါတယ်။ စိတ်ဖိစီးမှုတွေကို ဆုပ်ကိုင်မထားပါနဲ့။ လျှော့ချပါ။ ဖြေရှင်းပါ။ ဒီလိုမှမဟုတ်ရင် လွှတ်ချပစ်လိုက်ပါ။

play

 

 (၅) အတွေးမှားယွင်းမှု

စိတ်မကောင်းစရာတွေကို ခနခန ပြန်တွေးမနေပါနဲ့။  ဒီကမ္ဘာကြီးမှာ မဖြေရှင်းနိုင်တဲ့ ဒုက္ခတွေ တစ်ပုံကြီးပါ။ အဲ့တာတွေကို ထပ်တလဲလဲတွေးမနေဖို့ လိုပါတယ်။ ကိုယ့်အနားမှာရှိတဲ့လူတွေနဲ့ အချိန်ကို တန်ဖိုးရှိရှိအသုံးချပါ။ သူတို့က သင့်စိတ်ကို သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်။ နောက်ထပ်နည်းလမ်းတစ်ခုကတော့ စိတ်ညစ်စရာတွေကို စာရွက်ပေါ်ချရေးပြီး မီးရှို့လိုက်တာပါပဲ။ ဒီနည်းလမ်းက ကလေးဆန်တယ်ထင်ရပါပေမယ့် တကယ်အသုံးဝင်ပါတယ်။ စမ်းကြည့်ပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ