Lifestyle: အာရှတိုက်ရဲ့ ထိပ်တန်းစာရင်းဝင် အပြည်ပြည်ဆိုင်ရာ ကျောင်းများ

, updated

အာရှတိုက်မှာရှိတဲ့ ထိပ်တန်းစာရင်းဝင် ကျောင်းအချို့ကို အောင်မြင်မှုကို လိုလားကြသူတိုင်းအတွက် စုစည်းမိတ်ဆက်ပေးလိုက်ပါတယ်။

နိုင်ငံတကာမှာရှိတဲ့ ထိပ်တန်းစာရင်းဝင် အပြည်ပြည်ဆိုင်ရာကျောင်းတွေကို ကြည့်မယ်ဆိုရင် မြင့်မားတဲ့ စာမေးပွဲအောင်ချက်တွေနဲ့ ကောင်းမွန်ပြည့်စုံတဲ့ ကျောင်းပြင်ပ လုပ်ဆောင်မှုနေရာများစွာတို့ ဖန်တီးပေးထားခြင်း စတဲ့ စံတင်လောက်တဲ့ ဝန်ဆောင်မှုတွေကို တွေ့မြင်ရပါတယ်။ ဒါတွေအားလုံးဟာ ကျောင်းသားတိုင်းအတွက် အလိုအပ်ဆုံး အဓိကကဏ္ဍတွေဖြစ်ပြီး၊ ဒီလို အဆင့်မီကျောင်းတွေဟာလည်း အောင်မြင်မှုကိုလိုလားကြသူတိုင်း အမြဲမက်လေ့ရှိတတ်တဲ့ အိပ်မက်ကမ္ဘာတစ်ခုပါ။ ဒါကြောင့် အာရှတိုက်မှာရှိတဲ့ ထိပ်တန်းစာရင်းဝင် ကျောင်းအချို့ကို အောင်မြင်မှုကို လိုလားကြသူတိုင်းအတွက် စုစည်းမိတ်ဆက်ပေးလိုက်ပါတယ်။

Tanglin Trust School: Singapore

play

 

စင်္ကာပူမှာရှိတဲ့ Tanglin Trust School ကျောင်းကတော့ သက်တမ်းအားဖြင့် ၈၆ နှစ်တောင် ကြာခဲ့ပါပြီ။ သင်ကြားမှုတစ်လျှောက်လုံးမှာလည်း ယူကေ နိုင်ငံရဲ့ အဆင့်မီသင်ရိုးညွှန်းတမ်းတွေအတိုင်း သင်ကြားပို့ချလာခဲ့တာဖြစ်ပြီး Expats ကိုင်ဆောင်ထားသူတွေလည်း တက်ရောက်နိုင်ပါတယ်။ ကျောင်းရဲ့ ကောင်းမွန်သေသပ်တဲ့ ကျောင်းခန်းအသစ်တွေနဲ့အတူ မြင့်မားအဆင့်မီတဲ့ စာမေးပွဲအောင်ချက်တွေကြောင့် ကျောင်းသားပေါင်း ၉၈ ရာနှုန်းခန့်ဟာ ဆိုရင် သူတို့ ရွေးချယ်မျှော်လင့်ထားကြတဲ့ ပထမဦးစားပေး တက္ကသိုလ်တွေကို တက်နိုင်ခွင့် ရခဲ့ကြပါတယ်။

Garden International School: Kuala Lumpur

play

 

ဒီကျောင်းကတော့ မလေးရှားနိုင်ငံမှာရှိတဲ့ အကြီးမားဆုံး ပုဂ္ဂလိကကျောင်းတစ်ကျောင်းပါ။ ဒီကျောင်းကို ၁၉၅၁ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ကြပါတယ်။ သူလည်းပဲ ဗြိတိန်နိုင်ငံရဲ့ သင်ရိုးညွှန်းတမ်းတွေအတိုင်း သင်ကြားပို့ချပေးနေတာဖြစ်ပြီး နိုင်ငံပေါင်း ၅၀ ကျော်က ကျောင်းသားပေါင်း ၂၀၀၀ ကျော် တက်ရောက်နေပါတယ်။ ကျောင်းမှာဆိုရင် ဒရာမာ၊ ဂီတ၊ ပန်းချီနဲ့ ဘာသာစကား စတဲ့ ကိုယ်နှစ်သက်ရာ စိတ်ကြိုက်ရွေးချယ်တက်ရောက်နိုင်တဲ့ အတန်းတွေအပြင် အကြီးစားရေကူကန်တစ်ခု၊ တင်းနစ်ကွင်းတစ်ကွင်း၊ အားစကွင်းရုံတွေနဲ့ နည်းပညာမြင့် အထူးစာသင်ခန်းတွေလည်း ပါရှိပါတယ်။

Dulwich College: Beijing

play

 

ဘေဂျင်းနိုင်ငံမှာရှိတဲ့ Dulwich College ဟာဆိုရင် Dulwich College Group ကနေပြီးတော့ လန်ဒန်မှ ဆိုးလ်မြို့ထိ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ကျောင်းသားတွေကိုလည်း အဖွဲ့(၄)ဖွဲ့ ခွဲကာ ရင်းရင်းနှီးနှီး ပြိုင်ဆိုင်မှုမျိုးရှိအောင် ထားရှိပါသေးတယ်။ Dulwich College ဟာဆိုရင် သာမရိုးကျ အင်္ဂလိပ်ကျောင်းတွေလို အသင်းအဖွဲ့တွေဖွဲ့ပေးပြီး တူညီဝတ်စုံတွေနဲ့အတူ အတန်းခေါင်းဆောင်တွေကိုလည်း ရွေးချယ်ခန့်အပ်လေ့ရှိပါတယ်။ ပညာသင်ကြားမှုအပိုင်းကတော့ ဗြိတိန်နိုင်ငံရဲ့ သင်ရိုးညွှန်းတမ်း အတိုင်း သင်ကြားပေးပါတယ်။ Dulwich College ဟာ ပျမ်းမျှ IB points of 36 နဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာအရဆိုရင်တော့ ပျမ်းမျှ IB points of 29 ကို ရရှိထားပြီး ယခုစာရင်းမှာပါရှိတဲ့ ကျောင်းတွေထဲမှာ အမြင့်ဆုံးဆိုရင်လည်း မမှားပါဘူး။ 

St Christopher’s: Bahrain

play

 

ဘာရိမ်းနိုင်ငံမှာ ဗြိတိန်ကျောင်းပုံစံမျိုး ဖွင့်လှစ်ထားတဲ့ St. Chrisopher’s ကျောင်းဟာဆိုရင် ကောင်းမွန်တဲ့ စာမေးပွဲအောင်မြင်မှု ရလဒ်တွေကို ပိုင်ဆိုင်ထားပါတယ်။ Dulwich College လိုမျိုး ကျောင်းသားတွေကို အဖွဲ့(၄)ဖွဲ့ ခွဲထားတဲ့အပြင် အင်္ဂလိပ်ပုဂ္ဂလိကပညာ သင်ကြားရေးစနစ်နဲ့ သင်ကြားပေးပါတယ်။ စာမေးပွဲရလဒ်တွေကတော့ အနည်းငယ် စိတ်ကြိုက်မဖြစ်နိုင်ပေမဲ့ ပညာသင်ကြားရေးအတွက် ကုန်ကျစရိတ်ကတော့ သက်သာပါတယ်။

Dulwich College: Shanghai

play

 

ဘေဂျင်းနိုင်ငံမှာရှိတဲ့ Dulwich College အတိုင်းဖြစ်ပေမဲ့ ပညာရေးရလဒ်မှာတော့ ရှန်ဟိုင်းက Dulwich College ဟာ အနည်းငယ် အမှတ်နည်းပါတယ်။ ကောင်းမွန်တဲ့ ကျောင်းစာပြင်ပလှုပ်ဆောင်မှုတွေလည်း ပါရှိသလို ဂီတ၊ အားကစားနဲ့ ဒရာမာတွေကိုလည်း ဟန်ချက်ညီစွာ ပို့ချပေးပါတယ်။

Harrow International School, Hong Kong

play

 

၂၀၁၂ ခုနှစ်ကတည်းက ဟောင်ကောင်မှာ ဖွင့်လှစ်ခဲ့တဲ့ Harrow International School, Hong Kong ဟာ ဟောင်ကောင်ရဲ့  ပထမဆုံး အပြည်ပြည်ဆိုင်ရာ နေ့ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။ အဆိုပါ ကျောင်းဟာ ဗြိတိန် ပညာရေးသင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားကာ IGCSE စာမေးပွဲများအတွက်လည်း ပြင်ဆင်ပေးပါတယ်။ အတန်းကိုတော့ Early Year ကနေ Year 13 အထိ ဖွင့်လှစ်ထားတဲ့အပြင် သန့်ရှင်းသပ်ရပ် ကောင်းမွန်တဲ့ စာသင်ကျောင်းတစ်ကျောင်းပါ။ ဟောင်ကောင်မှာ ဖွင့်လှစ်ထားတဲ့ အပြည်ပြည်ဆိုင်ရာကျောင်းတွေထဲမှာ နာမည်ကြီး ခမ်းနားတဲ့ ကျောင်းတစ်ကျောင်းလည်း ဖြစ်ပါတယ်။

British International School, Phuket

play

 

British International School, Phuket (BISP) ဟာ အင်္ဂလိပ်ပညာရေး သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားပို့ချတဲ့ နေ့ကျောင်းဖြစ်ပြီး ၁၉၉၆ ခုနှစ်က ဖူးခက်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ယခင်က Dulwich College အနေနဲ့ရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ ဒေသခံ တာဝန်ရှိသူများက ကျောင်းကို စီမံခန့်ခွဲနေပါတယ်။ ကျောင်းသားများအတွက် အဆောင်များ၊ ကမ္ဘာ့အဆင့်မီ အားကစားရုံများနှင့် အနုပညာခန်းမများလည်း ရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ