AD
AD
AD
play

 

ယောက်ျားလေးတွေလည်း ကြည့်ကောင်းချင်ကြတာ ထူးဆန်းတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ဒါပေမယ့် ယောက်ျားလေးဆိုတာမျိုးကတော့ မိန်းကလေးတွေလောက် ပြင်ဆင်မှုပိုင်းဆိုင်ရာ ဗဟုသုတမရှိကြဘူးလေ။ ဒါဆိုရင် ကြည့်ကောင်းပြီး ထက်ထက်မြက်မြက်နဲ့ စတိုင်ကျတဲ့ပုံစံမျိုးဖြစ်အောင် ဘယ်လိုနည်းလမ်းတွေကိုလိုက်နာရမလဲ။

၁။ ပေါင်းစပ်ဖက်ရှင်

ဖက်ရှင်ဒီဇိုင်းတွေကို ပေါင်းစပ်ဝတ်ဆင်ရမှာ မကြောက်ပါနဲ့။ အရမ်းရိုးရှင်းနေတဲ့အင်္ကျီ မျိုးကို ကုတ်တစ်ခုခုနဲ့တွဲဝတ်တာမျိုး၊ ဆောင်းတွင်းဆွယ်တာကိုမှ မာဖလာဒီဇိုင်းမိုက်မိုက်နဲ့တွဲဝတ်တာမျိုး စသဖြင့် အမြင်မရိုး၊ အမြင်မရှုပ်အောင် ပေါင်းစပ်တတ်ဖို့လိုပါတယ်။

play

 

၂။ အဆင်တန်ဆာတွေ

မိန်းကလေးတွေမှ အဆင်တန်ဆာတွေဝတ်ရတာမဟုတ်ပါဘူး။ စတိုင်ကျပြီး ဖက်ရှင်လန်းချင်တဲ့ကိုကိုတွေလည်း Accessories တွေကို သေသေချာချာရွေးချယ် ၀တ်ဆင်လာကြပါပြီ။ နေကာမျက်မှန်၊ လည်စီး၊ ဟမ်းချိန်း၊ လက်ပတ်နာရီ၊ ဆွဲကြိုး၊ လက်စွပ်နဲ့ တခြားအဆင်တန်ဆာတွေကို လိုက်ဖက်ညီအောင် ၀တ်ဆင်နိုင်ဖို့ကအဓိကကျပါတယ်။

play

 

၃။ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး

တချို့က နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးထားရတာကို သဘောမကျပေမယ့် ယောက်ျားပီသပြီး ဆွဲဆောင်မှုအားပြင်းစေတဲ့သွင်ပြင်ကို အထောက်အကူပြုတာက ကိုယ့်မျက်နှာကျနဲ့ကြည့်ကောင်းမယ့် နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးတွေရှိခြင်းပါ။

play

 

၎။ အချိန်ပေး

ဘယ်ကိုပဲသွားသွား အနည်းဆုံး ၁၀မိနစ်လောက်တော့ အချိန်ပေးပြီး အ၀တ်အစားနဲ့ ပြင်ဆင်မှုအတွက် အချိန်ပေးပါ။

play

၅။ ကိုယ်နေဟန်ထား

ဝတ်တဲ့အ၀တ်အစား၊ ဖက်ရှင်စတိုင်ပေါ်မူတည်ပြီး ကိုယ်နေဟန်ထားတတ်ဖို့လည်းလိုပါတယ်။ ပေါ့ပေါ့ပါးပါးဝတ်စားပြီး တောင့်တောင့်ကြီးနေနေတာမျိုး၊ စမတ်ကျကျဝတ်ထားပြီး အရမ်းသွက်လက်နေတာမျိုး၊ ခပ်မိုက်မိုက်စတိုင်ဝတ်ပြီး အရမ်းလူကြီးဆန်နေတာမျိုးကတော့ တကယ်ကြည့်ကောင်းနေရင်တောင် ရုပ်ပျက်စေနိုင်ပါတယ်။

play

 

၆။ ယုံကြည်မှု

ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတာက စမတ်ကျပြီးကြည့်ကောင်းမှုအတွက် အဓိကသော့ချက်ပါပဲ။

Source : Radioone

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD