Lifestyle: ကမ္ဘာ့အရပ်ပုဆုံး တိုင်ပတ်အကမယ်လေး

သူမရဲ့ချစ်သူက အရပ် ၆ ပေ တောင် ရှိသတဲ့။

play

 

စက်စီးက အသက် ၂၅ နှစ်ပါ။ ကမ္ဘာ့အရပ်ပုဆုံး တိုင်ပတ်အကမယ်လည်း ဖြစ်ပါတယ်။ ကိုယ်အလေးချိန်နဲ့ အရပ်က ၁၈ လအရွယ် ကလေးတစ်ဦးလောက်သာ ရှိပါတယ်။

play

play

 

သူမရဲ့အရပ် အတိအကျက ၂ ပေ ၁၀ လက်မပါ။ တိုင်ပတ်အက ကနေရတာကိုလည်း နှစ်သက်ပါသတဲ့။

သူမက ကိုယ်ခန္ဓာ သေးငယ်ပေမယ့် ကျန်းမာသူတစ်ဦးလည်း ဖြစ်ပါတယ်။ " ကျွန်မရဲ့အိပ်မက်ကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူး" လို့ စက်စီးက ဆိုပါတယ်။

play

 

စက်စီးဟာ ၁၈ နှစ်အရွယ်မှာ ကျောင်းထွက်ခဲ့ပြီး တိုင်ပတ်အကကို စတင်ကခဲ့ပါတယ်။ အသက် ၂၀ မှာတော့ လက်ထပ်ခဲ့ပါတယ်။ သူမရဲ့ခင်ပွန်းရဲ့ အရပ်က ၅ပေ ၁၀ လက်မ ရှိပြီး ဓာတ်ပုံရိုက်တဲ့အခါ ခင်ပွန်းက ဒူးထောက်ထားတောင်မှ စက်စီးထက် မြင့်နေပါသေးတယ်။

play

 

ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြီးနောက်ပိုင်းမှာ သူမက အချစ်သစ်ကို တွေ့ရှိခဲ့ပြန်ပါတယ်။ စတီဖင်လို့ ခေါ်တဲ့ သူမရဲ့ အချစ်သစ်က အရပ် ၆ ပေတောင် ရှိပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ