Lifestyle: သစ်တော်သီးစားရင် ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူဖြစ်မလဲ

နေ့စဉ်ဗီတာမင်ကေ လိုအပ်ချက်ဟာ အမျိုးသမီးဆိုရင် ၁၃.၈ ရာခိုင်နှုန်းဖြစ်ပြီး အမျိုးသားဆိုရင် ၁၀.၃ ရာခိုင်နှုန်းဖြစ်ပါတယ်။

play

 

အမျှင်ဓာတ်

လူစားများတဲ့အသီးတွေထဲမှာ သစ်တော်သီးဟာ အမျှင်ဓာတ်များပြားမှု ပြည့်စုံတဲ့ အသီးတစ်သီးဖြစ်ပါတယ်။ ပုံမှန်အရွယ်သစ်တော်သီးတစ်လုံးဟာ နေ့စဉ်လိုအပ်တဲ့အမျှင်ဓာတ်ရဲ့ ၂၄ ရာခိုင်နှုန်းထိထောက်ပံ့ပေးနိုင်ပါတယ်။ သစ်တော်သီးကို နေ့စဉ်တစ်လုံးစားခြင်းဟာ သွေးလည်ပတ်မှုကိုလည်း ကောင်းစေပါတယ်။

ပိုတက်ဆီယမ်

ပိုတက်ဆီယမ်ဓာတ်လည်း ကြွယ်ဝပြီး ဆိုဒီယမ်ဓာတ်များပြားခြင်းကို ထိန်းညှိပေးပါတယ်။ သစ်တော်သီးစားခြင်းဟာ သွေးပေါင်ချိန်မြင့်မားတာတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။

play

 

ဗီတာမင် စီ

သစ်တော်ခပ်ကြီးကြီးတစ်လုံးကိုစားတာဟာ လူတစ်ယောက်နေ့စဉ်လိုအပ်တဲ့ ဗီတာမင်စီကို အပြည့်အဝရစေပါတယ်။ ဗီတာမင်စီဟာ ဒဏ်ရာတွေ၊ အနာတွေ ပြန်လက်သက်သာစေရာမှာ အရေးပါတဲ့ ဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။

ဗီတာမင်ကေ

ဗီတာမင်ကေကလည်း အရိုးကျန်းမာရေးအတွက် အရေးကြီးပါတယ်။ နေ့စဉ်ဗီတာမင်ကေ လိုအပ်ချက်ဟာ အမျိုးသမီးဆိုရင် ၁၃.၈ ရာခိုင်နှုန်းဖြစ်ပြီး အမျိုးသားဆိုရင် ၁၀.၃ ရာခိုင်နှုန်းဖြစ်ပါတယ်။ သစ်တော်သီးဟာ လိုအပ်နေတဲ့ အဆိုပါဗီတာမင်ဓာတ်ကို ထောက်ပံ့ပေးနိုင်ပါတယ်။

Photos & Source: SFGATE

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ