Lifestyle: မြေကမ္ဘာနေ့အကြောင်း

ဖေ့စ်ဘွတ်နဲ့ Google search မှာ ကြိုဆိုထားတာ မြင်ရမှာပါ။

play

 

ဒီကနေ့ဟာ မြေကမ္ဘာနေ့ (Earth Day) ဖြစ်ပါတယ်။ မြေကမ္ဘာနေ့ကို နှစ်စဉ် ဧပြီ ၂၂ ရက်တိုင်းမှာ ကျင်းပလေ့ရှိပြီး ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း ၁၉၀ ကျော်က ပါဝင်ဆင်နွှဲကြပါတယ်။ အထူးသဖြင့်တော့ ကမ္ဘာမြေကြီး စိမ်းလန်းသာယာဖို့ သစ်ပင်တွေ စိုက်ပျိုးကာ ဆင်နွှဲကြတာပါ။

play

 

မြေကမ္ဘာနေ့ဟာ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးအတွက် လှုပ်ရှားကြတဲ့ နေ့လည်း ဖြစ်ပါတယ်။ မြေကမ္ဘာနေ့ကို ၁၉၇၀ မှာ စတင်ကျင်းပခဲ့ပြီး Earth Day Network က ဦးစီးကျင်းပပါတယ်။ ၂၀၁၆ ခုနှစ်မှာ ကျရောက်တဲ့ မြေကမ္ဘာနေ့မှာတော့ "ပါရီသဘောတူညီချက် (Paris Agreement) " စာချုပ်ကို အမေရိကန်နဲ့ တရုတ် အပါအဝင် နိုင်ငံပေါင်း ၁၂၀ က ပါဝင်လက်မှတ်ရေးထိုးကြမှာပါ။ ဒီသဘောတူညီချက်ဟာ ရာသီဥတုထိန်းသိမ်းရေး ကတိကဝတ်စာချုပ်လည်း ဖြစ်ပြီး မြန်မာနိုင်ငံကလည်း ပါဝင်လက်မှတ်ထိုးသွားမယ်လို့ သိရပါတယ်။

play

 

အကြီးမားဆုံး လူမှုကွန်ရက်ဖြစ်တဲ့ ဖေ့စ်ဘွတ်ကလည်း မြေကမ္ဘာနေ့ကို ကြိုဆိုနှုတ်ခွန်းဆက်ထားပါသေးတယ်။ ဒါကြောင့် ဒီကနေ့ ဖေ့စ်ဘွတ်စဖွင့်လိုက်တာနဲ့ timeline ပေါ်မှာ ဖေ့စ်ဘွတ်ရဲ့ မြေကမ္ဘာနေ့ နှုတ်ခွန်းဆက်လွှာကို မြင်ရပါလိမ့်မယ်။ အထိမ်းအမှတ် နေ့ရက်တွေတိုင်းမှာ ဆင်နွှဲလေ့ရှိတဲ့ Google ကလည်း မြေကမ္ဘာနေ့ကို ကြိုဆိုထားတာကိုလည်း တွေ့ရပါတယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ