AD
AD
AD
play

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်က ဆာပြားကျေးရွာမှာ သောက်သုံးရေ ရှားပါးတာ ဆိုးဆိုးရွားရွား ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ရွာသူ၊ ရွာသားတွေက အ၀ါရောင်ရွှံ့ရေတွေကို ကျောက်ချဉ်တွေထည့်ပြီး သောက်ရေအဖြစ် သောက်သုံးနေရတယ်လို့ ဆိုပါတယ်။

play

 

ဒီနှစ်ရာသီဥတုက အပူလွန်ကဲတဲ့ အယ်လ်နီညိုရာသီဥတုဖြစ်တာကြောင့် မြန်မာနိုင်အနှံ့မှာ ပူပြင်းခြောက်သွေ့တဲ့ဒဏ်ကို ခံစားနေရပြီး နိုင်ငံအနှံ့အပြားမှာ ရေရှားပါးတဲ့ ပြဿနာကို ကြုံတွေ့နေရပါတယ်။

play

 

ရွာသူရွာသားတွေက ခြောက်သွေ့နေတဲ့ ရေကန်ထဲက နည်းနည်းပဲရှိတော့တဲ့ လက်ကျန်ရေတွေကို ခပ်ယူသုံးစွဲနေရပါတယ်။

play

 

ရေကန်ထဲက ရေအနေအထားကတော့ နောက်ထပ် ရက်ပိုင်းလောက်ဆိုရင်ခြောက်သွေ့သွားတော့မယ့်အနေအထားကို ကြုံနေရပါတယ်။

Source & Photo : Kumudara

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD