Lifestyle: ခြင်္သေ့ယောင်ဆောင်တဲ့ခွေး အင်တာနက်မှာနာမည်ကြီးနေ

ဟန်အမူအရာကောင်းတဲ့ Tschikko ကလည်း ဓာတ်ပုံတွေထဲမှာ အသက်ဝင်လွန်းပါတယ်။

play

 

လမ်းဘေးက လေလွင့်ခွေးတစ်ကောင်ကို ဓာတ်ပုံဆရာမတစ်ဦးက ကောက်ယူမွေးမြူပြီးနောက်မှာ အဲ့ဒီခွေးလေးက အင်တာနက်ပေါ် ရောက်လာပါတယ်။ ခွေးနဲ့မတူဘဲ ခြင်္သေ့နဲ့တူနေတဲ့ အဆိုပါခွေးလေးဟာ နေရာအနှံ့ရောက်ပြီး ဓာတ်ပုံတွေရိုက်ခဲ့ပါသေးတယ်။

play

 

ဓာတ်ပုံဆရာမ ဂျူလီယာ မာရီ ဝါနာက ခွေးလေးကို Tschikko လို့ အမည်ပေးခဲ့ပါတယ်။ သူ့ကို ၂၀၁၄ ခုနှစ်တုန်းက စပိန်နိုင်ငံရဲ့ လမ်းဘေးတစ်နေရာမှာ တွေ့ပြီး ကောက်ယူမွေးမြူခဲ့တာပါ။

play

play

 

ဝါနာ ဂျာမနီပြန်တော့ Tschikko ကိုပါ တစ်ပါတည်းခေါ်လာခဲ့ပါတယ်။ လအနည်းငယ်အကြာမှာ Grosstadtlowe လို့ အမည်ရတဲ့ ပရောဂျက်ကို စတင်ပါတော့တယ်။ Grosstadtlowe ဆိုတာ မြို့ကခြင်္သေ့ကြီးလို့ အဓိပ္ပာယ်ရပါတယ်။ Tschikko ကို ခြင်္သေ့နဲ့တူအောင် လည်ဆံမွှေးအတုတွေ တပ်ပေးပြီး အထင်ကရမြို့တွေမှာ ဓာတ်ပုံရိုက်ခဲ့ကြတာပါ။

play

play

 

ဟန်အမူအရာကောင်းတဲ့ Tschikko ကလည်း ဓာတ်ပုံတွေထဲမှာ အသက်ဝင်လွန်းပါတယ်။ သူ့ရဲ့ပုံတွေ လူမှုကွန်ရက်တွေပေါ် ရောက်လာပြီးနောက်မှာတော့ ခြင်္သေ့ယောင်ဆောင်တဲ့ ခွေးလေးဟာ လူကြိုက်များလာပါတော့တယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ