Lifestyle: လိုအပ်တဲ့အခါ ပိပိရိရိ လိမ်ပြောနိုင်မယ့် နည်းလမ်း (၇) ခု

မလွှဲသာလို့ လိမ်တဲ့အခါ ပိပိရိရိ ဖြစ်ဖို့ အရေးကြီးပါတယ်။

play

 

လိမ်လည်ခြင်းဟာ ကောင်းလှတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အချို့နေရာတွေမှာ ကိုယ့်ဘက်က လိမ်လည်ပြောဆိုလိုက်မှ အားလုံးအတွက် ကောင်းသွားမယ့် အခြေအနေမျိုးတွေ ရှိလာတတ်ပါတယ်။

လူအတော်များများကတော့ လိမ်လည်ရတဲ့ ကိစ္စကို မကြာခဏ ကြုံနေရတာပါပဲ။ လိမ်လည်တဲ့အခါ ပိပိရိရိ လိမ်လည်လို့ ရတဲ့ နည်းလမ်း (၇) ခုရှိပါတယ်။

၁။ စိတ်အေးအေးထားပါ

play

 

စိတ်အေးအေးထားနိုင်အောင် အရင်လုပ်ပါ။ အချိန်နည်းနည်းပဲ ရရင်လည်း စကားအရင်မပြောပဲ စိတ်အေးနေအောင် အရင်လုပ်လိုက်ပါ။

၂။ ယေဘုယျသာ ပြောပါ

လိမ်ရမယ့် အချက်ကို ယေဘုယျ ဆန်ဆန်သာပြောပါ။ တစ်ဖက် နုံအတဲ့ သူဆိုရင် ယုံသွားပါလိမ့်မယ်။ ထက်မြက်သူဆိုရင်လည်း စိတ်ဆိုးယုံလောက်ပဲ ဖြစ်မှာပါ။

၃။ ကြိုတင်ပြင်ဆင်ပါ

အချိန်ရမယ်ဆိုရင် ကြိုတင်ပြင်ဆင်သွားပါ။ သူဘာမေးရင် ဘယ်လိုပြောမယ်ဆိုတာ ခန့်မှန်းထားပါ။ အလုပ်အင်တာဗျူး ဝင်သလိုပေါ့။

၎။ မျက်လုံး မလွှဲပါနဲ့

play

 

ကိုယ်ပြောရမယ့်သူနဲ့ မျက်လုံးခြင်း ဆုံအောင် ကြည့်နေပါ။ အကြည့်ကို လွှဲတာမျိုး မလုပ်ဖြစ်အောင် နေပါ။ လက်ခါတာ၊ ခေါင်းခါတာမျိုးတွေ ခဏခဏ မလုပ်ပါနဲ့။

၅။ စကားကို ရှေ့နောက်ညီပါစေ

ရှေ့မှာ ပြောတာက တစ်မျိုး၊ နောက်မှာ ပြောတာက တမျိုး မဖြစ်အောင် ကြိုးစားပါ။ ကိုယ့်ကိုကိုယ် တိုက်ရိုက် သတင်းလွှင့်နေသူလို အမှားမပါအောင် နေပါ။

၆။ လုံးဝ မပေါ်သွားပါစေနဲ့

play

 

သူ့ဘက်က သံသယရှိနေလည်း ကိုယ်ပြောနေတာကိုသာ ဆက်ပြောပါ။ လုံးဝမတက်နိုင်တော့ရင် အမှန်တစ်ဝက်၊ အမှားတစ်ဝက်လောက်ကိုသာ ပြောပါ။ ဒီအချိန်ရောက်မှ အမှန်ကို ပြောလိုက်ရင်တော့ ပြဿနာက ပိုကြီးသွားတော့မှာပါ။

Source : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ