Lifestyle: စမတ်ဖုန်း အလွန်အကျွံသုံးသောကလေးများ မျက်စိစွေလာနိုင်

ဖုန်းကို မိနစ်သုံးဆယ်တစ်ခါနားပြီး ကြည့်သင့်တယ်လို့လည်း အဆိုပါသုတေသနက အကြံပြုထားပါတယ်။

play

 

စမတ်ဖုန်းအလွန်အကျွံသုံးတဲ့ ကလေးတွေဟာ မျက်စိစွေလာနိုင်တယ်လို့ သုတေသနတစ်ရပ်အရ သိရပါတယ်။ အဆိုပါသုတေသနကို  Daily Mail ရဲ့ ပြန်လည်ဖော်ပြချက်အရ အသက် ၇ နှစ်ကနေ ၁၆ နှစ်ကြားကလေးတွေဟာ စမတ်ဖုန်းအလွန်အကျွံသုံးရင် မျက်စိစွေလာနိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။

play

 

သုတေသနကို ဆိုးလ်မြို့ Chonnam အမျိုးသား တက္ကသိုလ်ဆေးရုံက ကျွမ်းကျင်သူတွေက  ပြုလုပ်ခဲ့တာဖြစ်ပြီး တစ်နေ့ကို လေးနာရီကနေ ရှစ်နာရီထိသုံးရင် မျက်စိစွေသွားနိုင်ခြေရှိတာဖြစ်ပါတယ်။ ကလေးတွေဟာ ဖုန်းတွေကို မျက်နှာနဲ့ ၈-၁၂လက်မကြား အကွာအဝေးလောက်ထားကာ ကြည့်ကြတတ်ကြပြီး ဒါဟာ အလွန်အမင်းနီးကပ်တဲ့အကွာအဝေးဖြစ်တယ်လို့ သိရပါတယ်။

အသုံးပြုသူတွေဟာ ဖုန်းကို မိနစ်သုံးဆယ်တစ်ခါနားပြီး ကြည့်သင့်တယ်လို့လည်း အဆိုပါသုတေသနက အကြံပြုထားပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ