Lifestyle: သင့်အိမ်က သင့်ကျန်းမာရေးကို ဒုက္ခပေးနေလား

အိမ်တွင်းမီးခိုးငွေ့ကြောင့် ၂၀၁၂ ခုနှစ်တုန်းက ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၄.၃ သန်း သေဆုံးခဲ့တယ်လို့ သုတေသနက ဖော်ပြပါတယ်။

play

 

လူတော်တော်များများဟာ လေထုညစ်ညမ်းမှုဆိုရင် မီးခိုးခေါင်းတိုင်ကထွက်တဲ့ မီးခိုးငွေ့တွေနဲ့ ကားမီးခိုးငွေ့တွေကိုသာ အန္တရယ်ရှိတယ်လို့ ထင်တတ်ကြပါတယ်။ အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူပေါင်းများစွာ သေဆုံးနေတယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။

Surreyတက္ကသိုလ်က ဦးဆောင်ပြီး အဆိုပါသုတေသနကိုပြုလုပ်ခဲ့တာဖြစ်ပြီး အိမ်တွင်းပစ္စည်းတွေကထွက်တဲ့ မီးခိုးငွေ့ကြောင့် သေဆုံးမှုဟာ သာမန်လေထုညစ်ညမ်းမှုကြောင့် သေတာထက် ပိုမိုများပြားတယ်လို့ ဆိုပါတယ်။ ချက်ပြုတ်မှုကထွက်တဲ့မီးခိုးငွေ့များ၊အမွှေးတိုင်တွေ၊ အနံ့ရှိဖယောင်းတိုင်တွေ၊ အိမ်သုတ်ဆေးလို အိမ်တွင်းပစ္စည်းတွေက ထွက်တဲ့ မီးခိုးငွေ့တွေက လူရဲ့ကျန်းမာရေးကို ဒုက္ခပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

play

 

 အိမ်တွင်း လေထုညစ်ညမ်းမှုကြောင့် လူဟာ ခေါင်းကိုက်တာတွေ၊ အသက်ရှုမှုတိုတောင်းတာတွေ၊ အလွန်အကျွံမောပန်းနွမ်းနယ်တာတွေဖြစ်လာတယ်လို့ သိရပါတယ်။ အိမ်တွင်းမီးခိုးငွေ့ကြောင့် ၂၀၁၂ ခုနှစ်တုန်းက ကမ္ဘာတစ်ဝန်းမှာ လူပေါင်း ၄.၃ သန်း သေဆုံးခဲ့တယ်လို့လည်း သုတေသနက ဖော်ပြပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ