Lifestyle: ယောက်ျားလေးတွေဆံပင်ရှည်တာ ကောင်းတဲ့အချက် (၄) ချက်

အခုခေတ်ကတော့ ယောက်ျားလေးတွေလည်း ဆံပင်ဒီဇိုင်းမျိုးစုံနဲ့ ရှိုးထုတ်လာကြပါပြီ။

play

 

အမျိုးသားတွေလည်း အကောက်၊ အဖြောင့်၊ အီမိုကေ၊ ၀မ်းဝေး အစရှိသဖြင့် ကိုယ်နဲ့ လိုက်မယ့်ပုံစံကို ရွေးချယ်လာကြပါတယ်။ ဒါပေမယ့် များသောအားဖြင့်တော့ ဆံပင်အရှည်ထားတဲ့ ယောက်ျားလေးတွေဆိုရင် လူတော်တော်များများက ဆွဲဆောင်မှုမရှိဘူးလို့ထင်တတ်ကြပေမဲ့ အဲဒါ အမှန်မဟုတ်ပါဘူး။

၁။ ဆံပင်ပုံစံက မျက်နှာအနေအထားကို ပေါ်စေတယ်။

မျက်နှာပြည့်တဲ့သူဆိုရင် ဆံပင်နည်းနည်းရှည်ရှည်နဲ့ ကြည့်ကောင်းအောင်နေလို့ရသလို၊ မျက်နှာရှည်တဲ့သူဆိုရင်လည်း မတိုမရှည်ဆံပင်ကိုမှ ဒီဇိုင်းလုပ်ပြီး အမြင်ဆန်းအောင် နေလို့ ရပြန်ပါတယ်။

play

 

၂။ ထူးခြားတဲ့သူတစ်ယောက်အဖြစ် သတ်မှတ်ကြတယ်။

ယောက်ျားလေးဆံပင်ရှည်တာမြင်လိုက်တာနဲ့ လူတွေအတွက်ကတော့ ထူးဆန်းနေပြီးသားပါ။ မကောင်းမြင်တဲ့သူတွေ ရှိနေရင်တောင်မှ ကိုယ့်ရဲ့အမြင်ဆန်းမှုက တစ်ခါတစ်ရံမှာ တချို့လူတွေအတွက်တော့ ဆွဲဆောင်မှုရှိနေမှာပါပဲ။

၃။ ချစ်သူက ဆံပင်နဲ့ဆော့ကစားရတာကိုပျော်တယ်။

ယောက်ျားလေးတွေပဲ မိန်းကလေးတွေရဲ့ဆံပင်ကို မြတ်နိုးတန်ဖိုးထားတတ်တာမဟုတ်ပါဘူး။ မိန်းကလေးတွေလည်း ယောက်ျားလေးတွေရဲ့ဆံပင်တွေကို တန်ဖိုးထားပါတယ်။ ယောက်ျားလေးတွေ ဆံပင်ရှည်ရင် ချစ်သူကောင်မလေးတွေက စလိုက်နောက်လိုက်နဲ့ ဆံပင်ကို ဆော့ကစားတာ၊ ဂရုစိုက်ပေးတာတွေ ရှိလာမှာပါ။

play

 

၎။ ပုံတုံးတုံးကြီးဖြစ်မနေတော့ဘူး။

ဆံပင်ရှည်ပြီဆိုမှတော့ ဆံပင်ကိုစည်းတာ၊ ချတာ၊ ကောက်တာ နောက်ဆုံးအတိုပြန်ညှပ်တာကအစ ဒီဇိုင်းမိုက်မိုက် ပုံစံကျကျ အမျိုးမျိုးလုပ်လို့ရပါတယ်။

Source : Cosmopolitan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ