Lifestyle: မိုးသီးတွေ ကြွေရင်ဘယ်လို ကာကွယ်ကြမလဲ

ပြည်သူတွေအနေနဲ့ အောက်ဖော်ပြပါအချက်တွေကို အထူးသတိပြုလိုက်နာကြဖို့ လိုပါတယ်။

play

 

အခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံအနှံ့မှာဖြစ်ပေါ်နေတဲ့ မိုးသီးကြွေ၊ လေပြင်းတိုက်ခတ်မှုတွေကြောင့် လူ၊ တိရိစ္ဆာန်တွေ သေကြေပျက်စီးတာတွေနဲ့ အဆောက်အဦတွေ ပျက်စီးတာဖြစ်နေတာကြောင့် မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာနကနေ သတိပေးချက်ထုတ်ပြန်ထားတာကို ဓူဝံ ပရိသတ်တွေအတွက် တင်ပြလိုက်ပါတယ်။

play

 

တိမ်မဲလာခြင်း၊ လေပြင်းလာခြင်း၊ မိုးသည်းထန်လာခြင်း၊ မိုးခြိမ်းပြီးအတော်ကြာမှ လျှပ်ပြက်လာခြင်း၊ အပူထုထဲမှာ လေအေးတွေကိုခံစားရတာတွေက မိုးသီးမုန်တိုင်းရဲ့ ရှေ့ပြေးလက္ခဏာတွေပါ။

ဒီလိုအခြေအနေတွေ ကြုံလာရမယ်ဆိုရင် ပြည်သူတွေအနေနဲ့ အောက်ဖော်ပြပါအချက်တွေကို အထူးသတိပြုလိုက်နာကြဖို့ လိုပါတယ်။

၁။ ကျေးလက်တောရွာတွေမှာ လယ်ကွင်း၊ ကွင်းပြင်တွေထဲနေတာ အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ။

၂။ မဖြစ်မနေအိမ်ပြင်ထွက်ရရင် ဆိုင်ကယ်စီးဦးထုပ်လို ဦးထုပ်အမာတွေ ဆောင်းပါ။ မိမိကိုယ်ကို အကာအကွယ်တွေဖြစ်နိုင်မယ့် အ၀တ်တွေ ၀တ်သွားပါ။

၃။ အိမ်ထဲမှာနေရင်လည်း ခိုင်ခံတဲ့အမိုးအကာအောက်မှာ တတ်နိုင်သမျှနေထိုင်ပါ။ နှစ်ထပ်အိမ်ဖြစ်ရင် အိမ်အောက်ထပ်မှာနေပါ။

၎။ အိမ်မွေးတိရစ္ဆာန်နဲ့ ကျွဲနွားတွေအတွက် ခိုလှုံစရာစီစဉ်ပါ။ မိုးသီးအကြီးတွေက တိရိစ္ဆာန်တွေကို အသက်အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

၅။ ကားတွေကို ဂိုဒေါင်ထဲထည့်ပါ။ အမိုးပဲရှိပြီးအကာမရှိတဲ့ အောက်မှာ ဘေးကနေထိနိုင်တာကြောင့် စောင်ကာပါ။ လမ်းတွေပေါ်မှာထားရရင်တော့ လုံလောက်တဲ့ အကာအကွယ်လုပ်ပါ။

၆။ ပြတင်းတံခါးတွေကို အသေအချာပိတ်ထားပါ။ လိုက်ကာရှိရင် ပိတ်ထားပါ။ ပြတင်းမှန်ကွဲခဲ့ရင် လိုက်ကာခံနေမှာပါ။

၇။ မိုးရွာ၊ မိုးခြိမ်းပြီး လျှပ်စီးလက်နေချိန်မှာ ဖုန်းတွေကို မသုံးသင့်ပါဘူး။ တီဗွီ၊ ရေဒီယို၊ လျှပ်စစ်ထမင်းအိုး၊ လျှပ်စစ်မီးပူနဲ့ ကွန်ပျူတာ စတဲ့ လျှပ်စစ်ပစ္စည်းတွေကိုလည်း ခလုတ်ပိတ်ပြီး ပလပ်ဖြုတ်ထားသင့်ပါတယ်။

၈။ သစ်ပင်၊ ဓာတ်တိုင်နဲ့ သံ/သတ္ထုပစ္စည်းတွေနားမှာ မနေသင့်ပါဘူး။

Source : MOI

Photos : Mizzima,VOA,FFSS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ