AD
AD
AD
play

 

ရှန်ဟိုင်း နိုင်ငံတကာ တက်တူးပွဲတော် ၂၀၁၆ ကို ရှန်ဟိုင်းမြို့မှာ ကျင်းပနေပါတယ်။ နိုင်ငံတကာက တက်တူးအနုပညာရှင်တွေလည်း ဒီပွဲကို လာရောက်ကြပြီး ပွဲတော်ကိုတော့ ငါးရက်ကြာ ကျင်းပသွားမှာပါ။

play

 

တက်တူးဝါသနာရှင်တွေရော တက်တူးပညာရှင်တွေပါ တက်ရောက်ကြတဲ့ ဒီပွဲမှာ ထူးထူးဆန်းဆန်းအနေနဲ့ လက်နှစ်ဖက်လုံး တက်တူးတွေအပြည့် ထိုးထားတဲ့ လေးနှစ်သမီးလေးတစ်ဦးကိုလည်း တွေ့ရပါတယ်။ သူ့နာမည်က ကန်ဒီဝမ်လို့ ခေါ်ပါတယ်။

play

 

လက်တွေ့ တက်တူးထိုးနေသူတစ်ဦး။

play

 

နိုင်ငံအနှံ့က လာရောက်ကြသူတွေအနက် ခန္ဓာကိုယ်အပြည့် တက်တူးထိုးထားသူတွေထဲမှာ အကောင်းဆုံးဒီဇိုင်းရှိသူတွေက အလှပြလမ်းလျှောက်ရင်း သူတို့ရဲ့ တက်တူးတွေကို ပြသခဲ့ပါသေးတယ်။

play

 

တက်တူးအလှပြ လမ်းလျှောက်ခဲ့သူပေါင်း ရာနဲ့ချီ ရှိခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD