AD
AD
AD
play


နှစ်ပေါင်းရှည်ကြာ ပြုလုပ်ခဲ့တဲ့ သုတေသနရလဒ်အရ ဆယ်ကျော်သက်အရွယ်မှာ ဆေးခြောက်ကို အလွန်အကျွံသုံးစွဲခဲ့သူတွေဟာ ဆေးခြောက်မသုံးခဲ့သူတွေနဲ့ နှိုင်းယှဉ်ပါက အသက် ၆၀ အရွယ်မှာ သေဆုံးဖို့ ၄၀ ရာခိုင်နှုန်း ပိုများကြောင်း တွေ့ရှိရပါတယ်။ အဆိုပါ ရလဒ်မှာ ၁၉၆၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အမျိုးသား ၄၅,၀၀၀ ကို စောင့်ကြည့်လေ့လာခဲ့တဲ့ သုတေသနရလဒ် ဖြစ်ပါတယ်။

play


ဆေးခြောက်အသုံးပြုမှုဟာ စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်မှုနဲ့ ဆက်နွယ်ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါ့ပြင် ဆေးခြောက်အသုံးများပါက ဦးနှောက်ကို ရေရှည် ဆိုးကျိုးသက်ရောက်မှုတွေ ရှိကြောင်းလည်း အခြား သုတေသနတစ်ခုက ဆိုပါတယ်။
Source & Photo: DM

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD