Lifestyle: ခြေတံရှည်တဲ့ အမျိုးသားများ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေပိုများ

သုတေသနရဲ့ အဆိုအရ အရပ်ရှည်တဲ့ အမျိုးသားတွေဟာ အရပ်ပုတဲ့ အမျိုးသားတွေထက် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ၄၂ ရာခိုင်နှုန်း ပိုများပါတယ်။

play


သုတေသနအသစ် တစ်ခုရဲ့ တွေ့ရှိချက်အရ ခြေတံရှည်တဲ့ အမျိုးသားတွေဟာ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများကြောင်း သိရပါတယ်။ ခြေထောက်အရှည် ၃၅.၄ လက်မရှိတဲ့ အမျိုးသားတွေကို ခြေတံရှည်သူတွေအဖြစ် သတ်မှတ်ပြီး ၎င်းတို့ဟာ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေ ၉၁ ရာခိုင်နှုန်းအထိ မြင့်မားတယ်လို့ ဆိုပါတယ်။

play


ခြေတံအရှည် ၃၁.၁ လက်မရှိတဲ့ အမျိုးသားတွေကိုတော့ ခြေတံတိုသူများအဖြစ် သတ်မှတ်နှိုင်းယှဉ်ခဲ့ပါတယ်။ သုတေသနရဲ့ အဆိုအရ အရပ်ရှည်တဲ့ အမျိုးသားတွေဟာ အရပ်ပုတဲ့ အမျိုးသားတွေထက် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ ၄၂ ရာခိုင်နှုန်း ပိုများပါတယ်။ သီအိုရီတစ်ခုအရ အရပ်ရှည်သူတွေမှာ ပိုမိုကြီးမားတဲ့ အူသိမ်အူမ ရှိနေတာကြောင့် ကင်ဆာဖြစ်နိုင်တဲ့ ဇီဝကလာပ်စည်းလည်း ပိုမိုများပြားကြောင်း သိရပါတယ်။

play


သုတေသနကို မင်နီဆိုးတားတက္ကသိုလ်မှ ပညာရှင်အဖွဲ့က ပြုလုပ်ခဲ့ပြီး လူပေါင်း ၁၄,၅၀၀ ရဲ့ အချက်အလက် မှတ်တမ်းတွေကို စောင့်ကြည့်လေ့လာခဲ့တာ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ သုတေသနရလဒ်ကို ကျန်းမာရေး၊ သိပ္ပံနဲ့ နည်းပညာ အကြောင်းအရာတွေ ဖော်ပြနေတဲ့ Live Science ဝက်ဘ်ဆိုက်မှာ လွှင့်တင်ထားကြောင်း သိရပါတယ်။
Source & Photo: DM

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ