AD
AD
AD
play


အသစ်တွေ့ရှိရတဲ့ သုတေသနရလဒ်အရ အသီးအရွက် စားသူတွေဟာ အသားစားသူတွေထက် ဉာဏ်ပိုကောင်းပြီး ခံစား နားလည်နိုင်စွမ်းလည်း ပိုရှိတတ်ကြောင်း သိရပါတယ်။

play


သုတေသီတွေက အသက် ၄၂ နှစ်အရွယ် လူ ၁၁ ဦးကို စမ်းသပ်စစ်ဆေးခဲ့ရာ အသီးအရွက်စားသူတွေက အသားစားသူတွေထက် ဉာဏ်ရည်ပြကိန်း (intelligence quotient - IQ) အမှတ် ၁၀ အမှတ်နီးပါအထိ ပိုမြင့်နေကြောင်း တွေ့ရှိရပါတယ်။
ယခု ရလဒ်ကို သုတေသနတစ်ခုတည်းဖြင့် အတည်မပြုနိုင်သေးပေမဲ့ အစားအသောက်နဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကြား ဆက်နွယ်မှုရှိကြောင်းကိုမူ သုတေသီတွေက လက်ခံထားကြပြီး ဖြစ်ပါတယ်။

play


ဒါ့ပြင် အခြား သုတေသနတစ်ခုအရလည်း ဉာဏ်ရည်ဉာဏ်စွမ်း ပိုမြင့်ပြီး ခံစားနားလည်နိုင်စွမ်း ပိုရှိသူတွေဟာ အသားစားခြင်းကဲ့သို့ ၎င်းတို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ အလေ့အထတွေကို စွန့်လွှတ်တတ်ကြဖို့ ဝန်မလေးဘူးလို့ ဆိုပါတယ်။
အသီးအရွက် စားခြင်းက ဦးနှောက်ကျန်းမာရေး ကောင်းမွန်စေပြီး လုပ်ငန်းဆောင်ရွက်နိုင်မှုနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို တိုးတက်စေကြောင်း သုတေသီတွေက ဆိုပါတယ်။
Source & Photo: LifeHack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD