Lifestyle: အထီးကျန်ခြင်းက နှလုံးရောဂါနဲ့ လေဖြတ်ခြင်း ဖြစ်စေနိုင်

လူမှုအသိုင်းအဝိုင်းနဲ့ ကင်းကွာပြီး အဖော်မဲ့ အထီးကျန် ဖြစ်နေခြင်းက စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ကြောင်း ယခင်ကတည်းက သတိပေးထားကြပါတယ်။

play


အဖော်မဲ့ အထီးကျန်ခြင်းက နှလုံးရောဂါနဲ့ လေဖြတ်ခြင်း အန္တရာယ်ကို သုံးပုံတစ်ပုံနီးပါးအထိ မြင့်တက်စေကြောင်း လေ့လာမှုတစ်ခုက ဖော်ပြပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ လူမှုအသိုင်းအဝိုင်းနဲ့ ကင်းကွာပြီး တစ်ကိုယ်တည်း အထီးကျန်ဆန်ဆန် နေထိုင်သူတွေဟာ စိုးရိမ်ကြောင့်ကြမှု သို့မဟုတ် လုပ်ငန်းခွင် စိတ်ဖိစီးမှုတွေကို ခံစားရစေနိုင်ကြောင်း အထောက်အထားတွေ တွေ့ရှိခဲ့ပါတယ်။

play


ဗြိတိန်နိုင်ငံမှ သိပ္ပံပညာရှင်တွေက လူပေါင်း ၁၈၁,၀၀၀ ကျော်ရဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြီး လေ့လာခဲ့ကြပါတယ်။ ၎င်းတို့ရဲ့ လေ့လာတွေ့ရှိမှုအရ တစ်ကိုယ်တည်း အထီးကျန်နေခြင်းက နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ၂၉ ရာခိုင်နှုန်းနဲ့ လေဖြတ်နိုင်ခြေ ၃၂ ရာခိုင်နှုန်း မြင့်တက်စေကြောင်း သိရပါတယ်။

play


လူမှုအသိုင်းအဝိုင်းနဲ့ ကင်းကွာပြီး အဖော်မဲ့ အထီးကျန် ဖြစ်နေခြင်းက စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်ကြောင်း ယခင်ကတည်းက သတိပေးထားကြပါတယ်။ ယခု လေ့လာမှုအရ အဖော်မဲ့ အထီးကျန်ဆန်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ကြောင်း တွေ့ရှိလာရပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာမှုမှာ ပါဝင်ခဲ့သူ ၁၈၁,၀၀၀ အနက် ၄,၆၂၈ ဦးက နှလုံးရောဂါ ခံစားနေရပြီး ၃,၀၀၀ က လေဖြတ်ခဲ့သူတွေ ဖြစ်ပါတယ်။
Source & Photo: DM

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ