Lifestyle: ဗောက်ရှိသူတွေ အုန်းဆီကို ဘယ်လိုသုံးမလဲ

ဗောက်တွေကို ဖယ်ရှားဖို့ လွယ်လွယ်ကူကူနဲ့ ထိရောက်တဲ့ နည်းနှစ်နည်းဖြစ်ပါတယ်။

play

 

အုန်းဆီနွေးနွေး

ကိုယ့်ဆံပင်အရွယ်အစားနဲ့ လိုအပ်သလောက် အုန်းဆီနွေးနွေးကိုသုံးရမှာ ဖြစ်ပါတယ်။ အုန်းဆီနွေးနွေးရဖို့ အပူပေးပါ။ ပြီးရင်တော့ ဦးရေပြားကို လိမ်းကျံနှိပ်နယ်ပေးရမှာ ဖြစ်ပါတယ်။ ဦးရေပြားသွေးလည်ပတ်မှုကောင်းအောင် လိမ်းရုံမကဘဲ နှိပ်ပေးရမှာ ဖြစ်ပြီး အနည်းဆုံး ငါးမိနစ်လောက်ကြာအောင်လုပ်သင့်ပါတယ်။ ပြီးရင်တော့ ရေချိုးခန်းသုံးခေါင်းစွပ်စွပ်ပြီး အိပ်လိုက်ပါ။

မနက်မိုးလင်းတဲ့အခါ ပုံမှန်လျှော်နေကြ ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ရမှာ ဖြစ်ပါတယ်။ ဒီနည်းကို တစ်ပတ် နှစ်ခါလောက်လုပ်ပေးသင့်ပါတယ်။ လုပ်တဲ့အခါမှာ အုန်းဆီစစ်စစ်ရဖို့ အရေးကြီးပါတယ်။

အုန်းဆီနဲ့ လီမွန်ဆီ

play

 

ဆံပင်ကိုလိမ်းဖို့အတွက် လိုအပ်သလောက် အုန်းဆီနဲ့လီမွန်ဆီပမာဏကို အပူပေးပါ။ အဆိုပါအဆီနှစ်မျိုးရောထားတဲ့ အဆီကို ဦးရေပြားမှာ လိမ်းပေးရမှာ ဖြစ်ပါတယ်။ နောက်တော့ ၁၀ မိနစ်ကြာအောင်နှိပ်ပေးရပါမယ်။ နှိပ်ပြီးတဲ့အခါ ဆံပင်ကို မိနစ် နှစ်ဆယ်လောက်ထားပြီး ဓာတုဗေဒပစ္စည်းပြင်းပြင်းတွေမပါတဲ့ ခေါင်းလျှော်ရည်နဲ့ လျှော်ပေးရပါမယ်။ ဒီနည်းကိုတော့ တစ်ပတ် သုံးလေးကြိမ်လုပ်သင့်ပါတယ်။

Photos & Source: My Health Tips

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ