Lifestyle: အင်္ဂလိပ်စကားတတ်စရာမလို လက်ညိုးထိုးတတ်ဖို့ပဲ လို

ကမ္ဘာလှည့်ခရီးသည်တွေကို ရည်ရွယ်ပြီး ထုတ်လုပ်တာ ဖြစ်ပါတယ်။

play

 

ဆွစ်ဇာလန်ခရီးသွားသုံးယောက်ဟာ သူတို့လိုကမ္ဘာလှည့်ခရီးသည်တွေကို  ရည်ရွယ်ပြီး တီရှပ်တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။

play

 

Daily Mail ရဲ့ဖော်ပြချက်အရ  Iconspeak (သင်္ကေတတွေက စကားပြောတယ်) ဆိုတဲ့ အဆိုပါ တီရှပ်မှာ သင်္ကေတပေါင်း လေးဆယ်နီးပါး ပါဝင်ပြီး ဘာသာစကားအခက်အခဲတွေကို ကျော်လွှားဖို့ ရည်ရွယ်တာဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေဟာ သူတို့လိုချင်တာ၊ သူတို့ရှာဖွေနေတာတွေကို လက်ညိုးညွှန်ပြရုံပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

တီရှပ်ကို ဆွစ်ဇာလန်ကမ္ဘာလှည့်ခရီးသည်တွေဖြစ်တဲ့ ဖလော်ရီယန်းနတ်၊ ဂျော့ဟွန်းနဲ့ စတီဖန်တို့က တီထွင်တာဖြစ်ပြီး ကမ္ဘာပတ်မယ်ဆိုရင် သူတို့တီရှပ်ကို ဝတ်သွားရုံပဲ လို့ဆိုပါတယ်။ ဗီယမ်နမ်နိုင်ငံမှာ ခရီးသွားတုန်း ဆိုင်ကယ်ပျက်တဲ့အခါ အကူအညီတောင်းဖို့အတွက် စာရွက်ပေါ်သင်္ကေတချရေးရင်းမေးမြန်းရာက အဆိုပါ စိတ်ကူးကို ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ