Lifestyle: လန်းတယ်ဆိုတဲ့ဆံပင်ကေတွေထက် ပိုလန်းတဲ့ မြင်းကေတွေ

မြင်းကိုယ်ပေါ်က အမွှေးတွေကို အလှဆင်ပေးတာဆိုတော့ မြင်းကေလို့ပဲ နာမည်ပေးရမယ့်ပုံပါ။

play

 

မယ်လိုဒီဟေမာကို မြင်းဆံသဆရာမလို့ ခေါ်ရမလားပဲ။ သူမက လန်ကတ်ရှိုင်းယားမှာ နေထိုင်ပါတယ်။ သူမရဲ့ထူးခြားတဲ့ အရည်အသွေးက မြင်းတွေရဲ့ ကိုယ်ပေါ်မှာ ဆန်းပြားတဲ့ ဒီဇိုင်းတွေ ဖန်တီးပေးတာပါ။

play

 

သူမအသက် ၁၂ နှစ် ကတည်းက မြင်းတွေရဲ့ကိုယ်ပေါ်က အမွှေးတွေကို အလှဖော်ပေးခဲ့တယ်လို့ မယ်လိုဒီက ပြောပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ သူမရဲ့ဝါသနာက စီးပွားဖြစ်လုပ်ငန်း ဖြစ်လာပါတယ်။

play

 

မယ်လိုဒီထံမှာ မြင်းတွေကို အလှဆင်အမွှေးညှပ်ပေးဖို့ လာအပ်တဲ့ မြင်းရှင်တွေ မနည်းပါဘူး။ သူမကလည်း စိတ်ကူးဉာဏ်ဆန်းဆန်းနဲ့ပဲ မြင်းတွေကို စိတ်ရှည်လက်ရှည်နဲ့ အလှဆင်ပေးနေပါတယ်။

play

 

ခုတော့ ၂၇ နှစ်အရွယ် မယ်လိုဒီက မြင်းပိုင်ရှင်တွေနဲ့၊ မြင်းချစ်သူတွေကြားမှာ နာမည်ကြီးပါတယ်။

Source : Mail Online

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ