AD
AD
AD
play

 

ကားရဲ့ဘက်ထရီတွေဟာ ကားမီး၊ ကားမှန်အတင်အချ၊ အသံစနစ် အစရှိတဲ့ လုပ်ဆောင်မှုတို့အတွက် လိုအပ်တဲ့လျှပ်စစ်စွမ်းအင်ပမဏကို ထုတ်ပေးတာဖြစ်တဲ့အတွက် သင့်ရဲ့ ဘက်ထရီကို အမြဲအားပြန်သွင်းပေးဖို့တော့လိုပါတယ်။

ဒါ့အပြင် ကားရဲ့ဘက်ထရီကို ခန္ဓာကိုယ်နဲ့ မှီတာမျိုး၊ လေဝင်လေထွက်ကောင်းတဲ့နေရာမျိုးမှာထားတာမျိုးတွေနဲ့ အနီးအနားမှာ စီးကရက်သောက်တာမျိုးတွေကို ရှောင်သင့်ပါတယ်။

ကားရဲ့ ဘက်ထရီကို ထိန်းသိမ်းဖို့နည်းလမ်းကောင်းလေးတွေကတော့ -

ရေပမာဏ

ပထမဦးစွာ သင့်ရဲ့ကားဘက်ထရီဟာ အလုံပိတ်မဖြစ်ဖို့လိုအပ်သလို ရေပမာဏကိုလည်း (သတ်မှတ်ထားတဲ့ ပမာဏအတိုင်း) လုံလုံလောက်လောက်ပြည့်အောင် အမြဲဖြည့်ပေးနေဖို့လိုပါတယ်။ ရေကိုဖြည့်သွင်းရာမှာလည်း သန့်ရှင်းတဲ့ ရေဖြစ်နေရမှာပါ။ အထူးသဖြင့် ပူအိုက်တဲ့ရာသီမှာဆို ပိုမိုစစ်ဆေးပေးပါ။ တကယ်လို အပူချိန်တွေမြင့်တက်နေမယ်ဆိုရင် ကားရဲ့ဘက်ထရီထဲက ဘက်ထရီဆဲလ်တွေကို ပျက်စီးစေမှာဖြစ်ပါတယ်။

play

 

Terminals (ခလုတ်ခုံများ မှန်၊ မမှန်စစ်ပါ။)

သင့်ရဲ့ကားဘက်ထရီ ထားရှိတဲ့ ခလုတ်ခုံတွေရဲ့ အနေအထား မှန်၊ မမှန် (+ /-) စစ်ဆေးပါ။ ဘက်ထရီကိုဖယ်ရှားတော့မယ်ဆိုရင်လည်း (-) ကို အရင်ဖယ်ရှားပါ။ ဥပမာ - သင့်အနေနဲ့ သံထည်ပစ္စည်းတစ်ခုခုနဲ့ (+) ကို အရင်ဖယ်ရှားချိန်မှာ ထိလိုက်ပါက မီးပွင့်နိုင်ပါတယ်။ အဲလိုဖြစ်မီးပွင့်ရာမှတစ်ဆင့် ဘက်ထရီပါပေါက်ကွဲစေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

Temrinal အပေါ်က အကြွင်းအကျန်တွေကို ဖယ်ရှားဖို့အတွက် ဝက်မှင်ဘီးကို ဆိုဒါ(သို့)ရေဖြင့် စိမ်ပြီးမှ ဖယ်ရှားသုတ်သင်ပေးပါ။  ကားရဲ့ မျက်နှာပြင်ပေါ်ကိုလည်း ဆိုဒါ(သို့)ရေတွေ မဖိတ်စင်မိအောင် ဂရုစိုက်ပါ။ ဘက်ထရီရဲ့ ကေဘယ်ကြိုးတွေ လွတ်နေရင်လည်း စွမ်းအင်ကုန်ခမ်းစေတဲ့အတွက် ကြိုးသွယ်ထားတဲ့ အခြေအနေကို စစ်ဆေးပါ။

Brackets (နံရံကပ်စင်တိုများ)

သင့်ကားရဲ့ ဘက်ထရီတွေကို နေရာကျမကျ၊ ခိုင်မခိုင်တို့ကိုလည်း စစ်ဆေးပါ။ တကယ်လို ဘက်ထရီထည့်ထားတဲ့နေရာတွေဟာ ချောင်နေတယ်ဆိုရင် ကားလှုပ်တဲ့အခါမှာ ဘက်ထရီကို လှုပ်ရမ်းမိပြီးတော့ စွမ်းအင်ကုန်ခမ်းစေနိုင်ပါတယ်။ ဘက်ထရီအထိုင်အစွပ်ကိုလည်း တိုက်စားထားခြင်းရှိ၊ မရှိ စစ်ဆေးပေးဖို့လိုပါသေးတယ်။ တကယ်လို့ တိုက်စားထားတာမျိုး နည်းနည်းလောက်ရှိပါက ခြစ်ထုတ်ပြီး ဖယ်ရှားပါ။ secure tray တပ်ဆင်ပြီးတော့လည်း ကားဘက်ထရီကို နေရာတကျရှိနေအောင် တပ်ဆင်ပေးလို့ရပါတယ်။

play

 

ကားဘက်ထရီ အားပြန်သွင်းပါ

သင့်ကားရဲ့ ဘက်ထရီကို အားပြန်သွင်းဖို့အတွက် အကောင်းဆုံးပစ္စည်းကတော့ trickle charger ပါ။ သူ့ကို ညဘက်မှာဖြစ်ဖြစ် ၈ နာရီ (သို့) ၁၀ နာရီကြာကြာ အားပြန်သွင်းပေးမယ်ဆိုရင် ရပါပြီ။ သင့်ကားရဲ့ ဘက်ထရီပေါ်က သင်္ကေတလေးဟာ အစိမ်း (သို့) အမည်းရောင်ဖြစ်နေရင် ဒါဟာ အားပြန်သွင်းဖို့လိုတာကို ပြနေတာပါ။ တကယ်လို့ ကားရဲ့ဘက်ထရီဟာ အဝါ (သို့) ကြည်နေပါက လဲဖို့ပြနေတာပါ။ တကယ်တမ်းမှာတော့ ဘက်ထရီတစ်လုံးရဲ့ ပျမ်းမျှသက်တမ်းဟာ ၄ နှစ်ပဲရှိပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဘက်ထရီသက်တမ်းကို ကြာရှည်ခံချင်တယ်ဆိုရင်တော့ အထက်မှာဖော်ပြထားတာတွေကို ၂ လ တစ်ကြိမ်ပုံမှန်လုပ်သွားပေးနိုင်ပါတယ်။

Picture: autoevolution, idealog, wikihow

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD