Lifestyle: မိဘတွေ မုန်းတဲ့ တူရိယာ (၅) မျိုး

, updated

ကလေးတွေက အချိန်ပြည့် တီးမှုတ်နေကြလို့ပါ။

play

 

မိဘတွေက နားအေးပါးအေးနေချင်ချိန်မှာ လူငယ်တွေက ပေါက်ကွဲသံစဉ်တွေကို နှစ်သက်တယ်။ တူရိယာတွေကို တီးခတ်ရာမှာလည်း ဝုန်းဝုန်းဒိုင်းဒိုင်း တီးရတာကို ပိုသဘောကျကြပါတယ်။

play

 

၁။ ပလွေ

သေးငယ်လှတဲ့ ဒီသစ်သားချောင်းလေးဟာ ကလေးငယ်တွေ ပထမဆုံး ထိတွေ့ခွင့်ရတဲ့ တူရိယာ ဖြစ်ပါတယ်။ သေးသာသေးတာ အတော်လေး မြည်တဲ့ကောင်မို့လို့ အိပ်ပျော်နေသူကို ငုတ်တုတ် ထထိုင်မိစေအောင် စွမ်းပါတယ်။ အသံတိုးပြီး မှုတ်ရင်လည်း နားထဲကို အကောင်ဝင်သလို တကျီကျီနဲ့ ဒုက္ခပေးတတ်ပါသေးတယ်။

play

 

၂။ ဂီတာ

ဆယ်ကျော်သက်အရွယ်ရောက်ချိန်မှာတော့ လူငယ်တွေ စိတ်ဝင်စားကြတာ ဂီတာပါပဲ။ မတီးတတ်တီးတတ်နဲ့ နေ့ရောညပါ တဒေါင်ဒေါင်ဒင်ဒင်နဲ့မို့ မိဘတွေနဲ့ ပတ်ဝန်းကျင်က အတော်မုန်းရတဲ့အရာပါ။

play

 

၃။ တယော

တယောသံဟာ တကယ်ကျွမ်းကျင်သူတွေ တီးခတ်ချိန်မှာ သာယာငြိမ့်ညောင်းလှပေမဲ့ လူငယ်တစ်ယောက် မတောက်တခေါက်နဲ့ တီးခတ်ချိန်မှာတော့ ပတ်ဝန်းကျင်က ခဲနဲ့ ထုချင်စရာကောင်း လောက်အောင် စိတ်ပျက်စရာပါ။

play

 

၎။ ဒရမ်

ဒရမ်ဟာ အသံအရမ်းကျယ်တဲ့ တူရိယာဖြစ်တဲ့အပြင် နေရာလည်း အတော်ယူပါတယ်။ ဒေါသထွက်ထွက်နဲ့ တီးပြီဆိုရင်တော့ နားကွဲလောက်အောင် ခံစားရပြီသာ အောက်မေ့တော့။

play

 

၅။ ဘာဂျာ

ဘာဂျာဟာ သင်ရအလွယ်ကူဆုံးတူရိယာတစ်မျိုးလို့ လူတွေ ထင်ကြပါတယ်။ အမှန်တော့ အဲဒါဟာ မှားယွင်းတဲ့အမြင်ပါ။ ဒီကိရိယာလေးကို ကျွမ်းကျင်ဖို့က အမြဲတမ်းလိုလို လေ့ကျင့်နေဖို့ လိုပြန်တယ်လေ။ လူငယ်လေးတွေဟာ ဈေးနှုန်းချိုသာပြီး သိမ်းဆည်းရ၊ သယ်ဆောင်ရ လွယ်ကူတဲ့အတွက် လူငယ်တွေ အလွန်သဘောကျကြသလို ဒါပဲ အမြဲမှုတ်နေတဲ့အတွက် မိဘတွေလည်း အလွန်မျက်စိနောက်၊ နားငြီးရပါတယ်။

Source & Photos : Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ