Lifestyle: ဇီဝဖြစ်စဉ်ကို ကောင်းမွန်စေတဲ့ အစားအသောက်များ

ကျန်းမာနေစေဖို့အတွက် နေ့စဉ် စားသောက်နေတဲ့ အစားအသောက်မျိုးစုံကို အစာခြေစနစ်က ကောင်းမွန်စွာ ခြေဖျက်နိုင်ပြီး ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ် ကောင်းမွန်နေဖို့ အရေးကြီးပါတယ်။

အခု ဖော်ပြထားတဲ့ အစားအသောက်တွေက ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ် မှန်ကန်ကောင်းမွန်စေပြီး ကျန်းမာနေစေဖို့ အထောက်အကူပြုပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ ပရိုတိန်းဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။

play


ဒါ့ပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အမိုင်နိုဆက်စစ် ၉ မျိုးလည်း ပါဝင်ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ်က ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ် ကောင်းမွန်စေကာ ကျန်းမာရေးနဲ့ ဝိတ်ကျစေဖို့ အထောက်အကူပြုပါတယ်။

နို့ထွက်ပစ္စည်းများ

play

 

အဆီဓာတ် ပါဝင်မှုနည်းတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေက ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကို ကောင်းမွန်စေပါတယ်။

ကညွတ်

play

 

ကညွတ်မှာ ဇီဝဖြစ်စဉ်ကို အထောက်အကူပြုတဲ့ ပရိုတိန်းဓာတ် ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူ ပြုပါတယ်။

ရေ

play


ရေသောက်ခြင်းက ဇီဝဖြစ်စဉ်ကို အထူး ကောင်းမွန်စေပါတယ်။ နေ့စဉ် ရေလုံလောက်စွာ သောက်ခြင်းက အစာခြေစနစ် ကောင်းမွန်စေတဲ့အပြင် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်ကိုလည်း အထောက်အကူပြုကာ ကျန်းမာရေးစေပါတယ်။

ကြက်သွန်ဖြူ

play

 

ကြက်သွန်ဖြူက ဇီဝဖြစ်စဉ် ကောင်းမွန်စေတဲ့အပြင် သွေးအတွင်း ကိုလက်စထရော ပမာဏကိုလည်း လျော့ကျစေပါတယ်။  ဒါ့ပြင် ကြက်သွန်ဖြူက ကိုယ်ခံအားစနစ်ကိုလည်း မြင့်တက်စေပါတယ်။

ပန်းဂေါ်ဖီစိမ်း

play


ကျန်းမာရေးအတွက် စားသင့်တဲ့ အစားအစာတွေထဲမှာ ပန်းဂေါ်ဖီစိမ်းက ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ပန်းဂေါ်ဖီစိမ်း စားခြင်းဖြင့် ခန္ဓာကိုယ်မှ အဆီဓာတ် လောင်ကျွမ်းမှုကို ၃၀ ရာခိုင်နှုန်း ပိုမိုစေပြီး ဇီဝဖြစ်စဉ်ကို အထောက်အကူပြုပါတယ်။
Source & Photo: Daily Health

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ