Lifestyle: မိန်းကလေးတွေအတွက် ပေါ့ပေါ့ပါးပါး တီရှပ်စတိုင် (၈) မျိုး

, updated

ပူအိုက်တဲ့ ရာသီမှာ တီရှပ်တွေက ပေါ့ပေါ့ပါးပါးနဲ့ ဝတ်လို့အကောင်းဆုံးဖြစ်ပါတယ်။

play

 

၁ - တင်ပါးဖုံးတဲ့တီရှပ်ပွပွကို  အားကစားဖိနပ်တစ်မျိုးနဲ့ တွဲဝတ်တာမျိုးပါ။

play

 

၂ - လည်ပင်းဟိုက်ဟိုက်ကို မီနီစကတ်ဖွာဖွာလေးထဲထည့်ဝတ်တဲ့ စတိုင်ဖြစ်ပါတယ်။

play

 

၃ - မြို့ထဲမှာ ပေါ့ပေါ့ပါးပါးသွားလာတဲ့စတိုင်မျိုးပဲ ဖြစ်ပါတယ်။ ငြိမ်ငြိမ်လေးနဲ့ sexy လည်းကျပါတယ်။ ဗွီပုံတီရှပ်ပွပွကို သားရေစကတ်တိုတိုနဲ့ တွဲဝတ်တာ ဖြစ်ပါတယ်။

play

 

၎ - ဂျင်းစကတ်တွေကို ခုနောက်ပိုင်းသိပ်မဝတ်ကျတော့ပါဘူး။ ဒါပေမဲ့ ဂျင်းစကတ်အပြာကို မီးခိုးရောင်တို့ အညိုရောင်တို့လို အရောင်ဖျော့ဖျော့တီရှပ်ပွပွတွေနဲ့ ဝတ်တာကလည်း ခေတ်နောက်ကျမသွားပါဘူး။

play

 

၅ - ဘယ်တော့မှ မရိုးတဲ့စတိုင်ဖြစ်ပါတယ်။ တီရှပ် အရောင်ဖျော့ဖျော့ကို ဂျင်းနဲ့တွဲစပ်မှုဖြစ်ပါတယ်။ ဂျင်းစကတ်တင်မကဘဲ  ဂျင်းဘောင်းဘီနဲ့လည်း လိုက်ဖက်ပါတယ်။

play

 

၆ - တီရှပ်ပွပွကို အပေါ်က ကုတ်တစ်ထပ်ဝတ်လိုက်ပြီး လက်ဆွဲအိတ်နဲ့ တွဲတဲ့စတိုင်ဖြစ်ပါတယ်။ ဂျင်းသားမဟုတ်ဘဲ အခြားဘောင်းဘီတွေနဲ့ တွဲလည်း လိုက်ဖက်ပါတယ်။ ရုံးတက်ရုံးသွားလို့ ကောင်းတဲ့ စတိုင်မျိုးဖြစ်ပါတယ်။

play

 

၇ - ဆယ်ကျော်သက် မိန်းကလေးတွေကြား တွေ့ရများတဲ့ပုံစံဖြစ်ပါတယ်။ ဖိနပ်အရှည်ဖြစ်ဖို့တော့ လိုပါမယ်။

play

 

၈ - တီရှပ်နဲ့ ဦးထုပ်ပျော့ပျော့အတွဲဖြစ်ပါတယ်။ ဦးထုပ်က အဓိကအသက်ဖြစ်တာကြောင့် ဒီလိုဦးထုပ်မျိုး ရွေးဆောင်းဖို့ လိုပါမယ်။

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ