AD
AD
AD
play

 

အိပ်ရာကောင်းတစ်ခု

ကျယ်ကျယ်ပြန့်ပြန့်နဲ့ သန့်ရှင်းတဲ့ အိပ်ရာကောင်းတစ်ခုလိုပါတယ်။ သီချင်းခွေတွေ၊ ဇာတ်ကားခွေတွေ၊ စတဲ့ပစ္စည်းတွေနဲ့ အိပ်ရာဟာ ရှုပ်ထွေးနေတာ မကောင်းပါဘူး။ ကျယ်ပြန့်သန့်ရှင်းတဲ့ အိပ်ရာကောင်းတစ်ခုလိုပါတယ်။

အိမ်ပြင်ပစ္စည်းများ

play

 

တူတို့၊ အုတ်ဖောက်စက်တို့၊ ဝက်အူလှည့်တို့လို အိမ်ပြင်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒီပစ္စည်းတွေသုံးပြီး လုပ်ရတဲ့ကိစ္စတွေဟာ အမျိုးသားတွေလုပ်ရတာများတာကြောင့် မရှိမဖြစ်ဆောင်ထားရမှာ ဖြစ်ပါတယ်။

အင်္ကျီချိတ်တန်း

play

 

အပြင်က ပြန်လာရင် အဝတ်အစားတွေကို တွေ့ရာနေရာမှာ ပစ်တင်တဲ့အကျင့် မဖြစ်စေဖို့ အင်္ကျီချိတ်တန်းတစ်ခုလည်း ရှိသင့်ပါတယ်။

ကိုယ်လုံးပေါ်မှန်

play

 

မှန်ကတော့ ပြောနေစရာမလိုဘူးလို့ထင်ရပေမဲ့ တကမ်းတမ်းတော့ ယောက်ျားလေးတွေပဲနေတဲ့ အိမ်တွေဆိုရင် ကိုယ်လုံးပေါ်မှန် မရှိတတ်ပါဘူး။ ကိုယ်လုံးပေါ်မှန်လည်း ရှိသင့်ပါတယ်။

စာအုပ်စင်

play

 

ဒါကတော့ မရှိမဖြစ်ပါ။ အိပ်ရာဘေးနားထားလို့ရမယ့် စာအုပ်စင်သေးသေးဆို ရပါပြီ။ ကိုယ်အမြဲဖတ်မယ့်စာအုပ်တွေ ထားထားလို့ရရင်အဆင်ပြေပါပြီ။

Photos & Source: Complex

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD