Lifestyle: ဆီးချိုကြောင့် ခြေလက်အင်္ဂါ ဖြတ်တောက်ရသူ ၂၂ ရာခိုင်နှုန်း တစ်နှစ်အတွင်း သေဆုံးနိုင်

, updated

စင်ကာပူနိုင်ငံမှာ ဆီးချိုဖြစ်နေသူ ၄၀၀,၀၀၀ ကျော်ရှိနေပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာ တစ်သန်းအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

play


စင်ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ ခြေလက် အင်္ဂါအစိတ်အပိုင်း ဖြတ်တောက်ကုသမှု ခံယူခဲ့ရတဲ့ ဆီးချိုရောဂါသည်များအနက် ၂၂ ရာခိုင်နှုန်း (ငါးဦးမှာ တစ်ဦး) က ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေကြောင့် တစ်နှစ်အတွင်း သေဆုံးလေ့ရှိကြောင်း သိရပါတယ်။

play


စင်ကာပူနိုင်ငံမှ National Healthcare Group Health Services and Outcomes Research (HSOR) က Tan Tock Seng ဆေးရုံမှ ပျမ်းမျှ အသက် ၆၄ နှစ်ရှိသူ လူနာ ၂,၁၇၀ ကို ၁၀ နှစ်ကြာ စောင့်ကြည့်လေ့လာမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဆီးချိုကြောင့် ခြေလက် ဖြတ်တောက်ပစ်ရသူ ၈၅ ရာခိုင်နှုန်းဟာ ခြေထောက်မှာ ဒဏ်ရာ အနာတရဖြစ်ပြီး အနာမကျက်မှုကြောင့် ခြေဖမိုးအောက်ပိုင်း ဖြတ်တောက်ရသူတွေလို့ ဆိုပါတယ်။

play


ဆီးချိုရောဂါ လူနာများအနက် ၂၀ ရာခိုင်နှုန်းဟာ ၎င်းတို့ရဲ့ သက်တမ်းတစ်လျှောက် ခြေထောက် အနာမကျက်မှု ကြုံတွေ့ကြရပါတယ်။ စင်ကာပူနိုင်ငံဟာ ဆီးချိုကြောင့် ခြေလက်အင်္ဂါ ဖြတ်တောက်ရမှု အများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ စင်ကာပူ အစိုးရဆေးရုံတွေမှာ ခြေလက်အင်္ဂါ ဖြတ်တောက်မှုတွေ နေ့စဉ် ရှိနေပါတယ်။

စင်ကာပူနိုင်ငံမှာ ဆီးချိုဖြစ်နေသူ ၄၀၀,၀၀၀ ကျော်ရှိနေပြီး လာမယ့် ၂၀၂၅ ခုနှစ် တစ်သန်းအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ဆီးချိုရောဂါဟာ အန္တရာယ်အရှိဆုံး ရောဂါတစ်ခုဖြစ်ပြီး ကမ္ဘာ့လူဦးရေ ၄၂၂ သန်းမှာ ဆီးချိုရှိနေကြောင်း သိရပါတယ်။
Source & Photo: CNA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ