Lifestyle: စားပွဲထိုးတစ်ဦးရဲ့ ကြည်နူးလေးစားဖွယ်ရာ လုပ်ရပ်

အဲလက်စ်ရဲ့ ဓာတ်ပုံကို မြင်တွေ့ရတဲ့ အွန်လိုင်း အသုံးပြုသူတွေကလည်း သူ့ရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်ကို လေးစားချီးကျူး ပြောဆိုခဲ့ကြပါတယ်။

play


အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှ စားပွဲထိုးတစ်ဦးရဲ့ လူသားချင်း စာနာတတ်တဲ့ စိတ်ဓာတ်ကို အွန်လိုင်းမှာ ချီးကျူးပြောဆိုနေကြပါတယ်။ အသက် ၂၂ နှစ်အရွယ် အဲလက်စ်ရုဇ်က ဂျော်ဂျီယာပြည်နယ်ရှိ မက္ကစီကို အသားကင် စားသောက်ဆိုင်မှ စားပွဲထိုးဖြစ်ပါတယ်။

play


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (ဧပြီ ၂၄ ရက်) မှာ အဲလက်စ် စားပွဲထိုးလုပ်နေတဲ့ စားသောက်ဆိုင်ကို လက်တွေမရှိတဲ့ စားသုံးသူတစ်ဦး ရောက်လာခဲ့ပြီး နေ့လယ်စာ အစားအစာတွေ မှာယူခဲ့ပါတယ်။ အဲလက်စ်က အစားအစာတွေကို စားပွဲမှာ လာရောက်ချထားပေးတဲ့အခါ လက်မရှိတဲ့ စားသုံးသူက သူ့ကို အစားအစာ ကျွေးပေးဖို့ အကူအညီ တောင်းခဲ့ပါတယ်။

အဲလက်စ်ဟာ သူနဲ့ သိကျွမ်းခြင်း မရှိသူတစ်ဦး ဖြစ်ပေမဲ့ ချက်ချင်းပဲ လက်မရှိတဲ့ စားသုံးသူရဲ့ စားပွဲမှာဝင်ထိုင်ပြီး နေ့လယ်စာ အားလုံးကုန်တဲ့အထိ ခွံ့ကျွေးပေးခဲ့ပါတယ်။ လက်မရှိတဲ့ စားသုံးသူကို အဲလက်စ်က မိနစ် ၃၀ ကျော်ကြာ စိတ်ရှည်ရှည်နဲ့ နေ့လယ်စာ ခွံ့ကျွေးခဲ့တာပါ။

ကြည်နူးလေးစားဖွယ်ရာ ဒီ အခိုက်အတန့်ကို အခြား စားသုံးသူတစ်ဦးက ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်မှာ လွှင့်တင်ရင်း ချီးကျူးစကားဆိုခဲ့ပါတယ်။ အဲလက်စ်ရဲ့ ဓာတ်ပုံကို မြင်တွေ့ရတဲ့ အွန်လိုင်း အသုံးပြုသူတွေကလည်း သူ့ရဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်ကို လေးစားချီးကျူး ပြောဆိုခဲ့ကြပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ