Lifestyle: မလုပ်မဖြစ် လုပ်ရမယ့် ဘဝနေထိုင်နည်း (၆) နည်း

လူတိုင်းလုပ်ရမယ့် အလေ့အကျင့်တွေလည်း ဖြစ်ပါတယ်။

play

 

၁ - ကောင်းကောင်းအိပ်

အိပ်ရေးဝဝအိပ်ရရဲ့လား၊ အိပ်စက်ခြင်းကို ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။ လူငယ်ဖြစ်လို့ ခံနိုင်ရည်ရှိတယ်ဆိုပေမဲ့လည်း အိပ်စက်ခြင်းဟာ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာပေါ် သက်ရောက်ပါတယ်။ သင့်လုပ်ငန်းကိုသက်ရောက်မှုတွေ ရှိလာပါမယ်၊ လူတွေ သင့်အပေါ်ထားတဲ့အမြင်ကိုပါ သက်ရောက်လာပါလိမ့်မယ်။

၂ - တက်တက်ကြွကြွ

play

 

လှုပ်လှုပ်ရှားရှား နေရဲ့လား၊ မနေဘူးဆိုရင်တော့ သင့်ခန္ဓာကိုယ်ဟာ ပတ်ဝန်းကျင်နဲ့ အချိန်ရဲ့ တိုက်စားမှုမှန်သမျှကို ခံနေရပြီး ဘာမှတုံ့ပြန်ခုခံခြင်းမရှိတဲ့ အရာဝတ္ထုကြီးတစ်ခုလို ဖြစ်နေပါတယ်။ နေ့စဉ် နေထိုင်မှုပုံစံက လှုပ်လှုပ်ရှားရှားကြီးနေရတာမျိုး မဟုတ်ဘူးဆိုရင်တော့ လေ့ကျင့်ခန်းတစ်ခုကို တမင်ကို လုပ်သင့်နေပါပြီ။

၃ - ရေ

play

 

ရေများများသောက်ရဲ့လား။ လက်ရှိသောက်နေတာထက်တော့ ပိုသောက်ဖို့လိုပါတယ်။ အချိုရည်တွေကိုတော့ လျှော့သောက်ပါ။

၎ - မနက်စာ

play

 

အလုပ်တွေအရေးကြီးလား၊ ဘယ်လောက်ပဲ အရေးကြီးကြီး မနက်စာ မလွတ်ပါစေနဲ့။ မနက်စာဟာ သင့်ခန္ဓာကိုယ်ပေါ် တစ်နေ့လုံးသက်ရောက်မှု ရှိတာကြောင့် လွတ်လို့မရပါဘူး။

၅ - အစားအသောက်

ကိုယ်စားနေတာတွေကိုကော ကိုယ်နားလည်ရဲ့လား၊  ဆိုလိုတဲ့ သဘောက ကြုံရာတွေ စားနေတာ မကောင်းပါဘူး။ ကိုယ်နေ့စဉ်စားဖြစ်တဲ့အစားအစာတွေဟာ ခန္ဓာကိုယ်ပေါ် ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာကို လေ့လာထားရင် အကောင်းဆုံးပါ။

၆ -ဖွယ်ဖွယ်ရာရာ

ဖွယ်ဖွယ်ရာရာကော စားရဲ့လား။ ထမင်းစားရင် ထမင်းနဲ့ အသားဟင်းတစ်ခွက်ဆို လုံလောက်ပြီဆိုတဲ့ လူတွေရှိပါတယ်။ တကယ်တော့ မလုံလောက်ပါဘူး။ တို့စရာ စိမ်းစိမ်းစိုစိုလေးတွေနဲ့ ဖွယ်ဖွယ်ရာရာ စားသင့်တာပါ။

Photos & Source: jamie oliver

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ