Lifestyle: ပြေးတာက ဦးနှောက်ကို ရှင်းစေတယ်

, updated

ပြေးခြင်းကတော့ ဆဲလ်သစ်တွေဖြစ်ဖို့ အထောက်အကူဖြစ်စေပါတယ်။

play

 

ပြေးခြင်းဟာ ဦးခေါင်းကြည်လင်ရှင်းလင်းစေပါတယ်။ ပြေးတဲ့အခါမှာ အတွေးကြည်လင်ရှင်းလင်းမှုနဲ့ ဆက်စပ်တဲ့ ဦးနှောက်အရှေ့ပိုင်းကို သွေးလျှောက်မှု ပိုမိုမြန်ဆန်လာတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

play

 

ပြေးခြင်းဟာ စိတ်ခံစားမှု ပိုမိုကောင်းမွန်လာပြီး ဖန်တီးနိုင်မှုစွမ်းအားကိုလည်း  တိုးတက်စေပါတယ်။ ပြေးခြင်းလိုမျိုး လှုပ်ရှားမှုကို မိနစ် ၃၀၊ ၄၀ လောက်လုပ်တာဟာ ဦးနှောက်အာရုံကြော ဆဲလ်သစ်တွေကိုလည်း မွေးဖွားစေပြီး ဝမ်းနည်းမှုတွေ၊ စိတ်ဓာတ်ကျမှုတွေဖြစ်တာကို မကာကွယ်နိုင်ပေမဲ့ ပုံမှန်ပြန်လည်ကောင်းမွန်စေရေးအတွက်တော့ အထောက်အကူဖြစ်ပါတယ်။

လူဟာ အသက်ကြီးလာတာနဲ့အမျှဦးနှောက်ဆဲလ်သစ်တွေ ဖြစ်ပေါ်ဖို့ မလွယ်ကူတော့ပေမဲ့ ပြေးခြင်းကတော့ ဆဲလ်သစ်တွေဖြစ်ဖို့ အထောက်အကူဖြစ်စေတာ ဖြစ်ပါတယ်။

Photos & Source: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ